အချိန်ရှိခိုက်၊ လုံ့လစိုက်၊ မမိုက်သင့်ပေ၊ ဒို့တစ်တွေ။

Sunday, April 10, 2016

ရွက်ဟောာင်းတို့ကြွေ ရွက်သစ်တွေဝေဖို့ပါလေ



ဒီနေ့တော့
အတိတ်တွေကို ဖတ်စာလုပ်
နွေတေးတစ်ပုဒ်နဲ့
ငါ ….. အဖော်လုပ်ခဲ့ရတယ်။
လူ့ဘုံမှာ
ရသစုံအောင်
ခါးသီးမှုပုံပေးတဲ့
လောကဓံကိုလည်း ကျေးဇူးတင်ပါတယ်။
နေ့သစ်မှာ
ရေးခြစ်မိတဲ့ရုပ်ပုံလွှာကို
ဘယ်သူကြည့်မှာလည်းလို့ မပူ
ငါ …. အခု ကာရန်ယူနေတယ်။
သူ (သရက်)
Sunday, April 10, 2016


Friday, April 8, 2016

ကနေ့ဖတ်စာ

လူမိုက်တွေဟာ မိုက်မဲမှုနဲ့ ဥပဒေကို ကျူးလွန်ကြသလိုပဲ
ပညာတတ်ပြီး ကိုယ်ကျင့်တရား ပျက်တဲ့လူတွေဟာလည်း
ပညာနဲ့ ဥပဒေကို ကျူးလွန်ကြတယ်-တဲ့ ........ ။ (ရဟန်းတော်တွေမှာတော့ ၀ိနည်းတတ် ကြက်သတ်ဆိုတဲ့ စကားရှိတယ်)။
၀၈/၀၄/၂၀၁၆

Sunday, April 3, 2016

ကနေ့ဖတ်စာ

“ဘ၀”ဆိုတာ
“ဆိုင်”ပေမယ့်
“မပိုင်”ဘူး-တဲ့ ..... ။
ဒါပေမယ့်
လူတွေကတော့
“မပိုင်”တဲ့အရာတွေအတွက်
“ပိုင်တာ”တွေကို ရက်ရက်ရောရောကြီး စွန့်လွှတ်နေကြတယ်။
၀၄/၀၄/၂၀၁၆

ကနေ့ဖတ်စာ

လူတိုင်းမှာ အစွမ်း(အ)စ ရှိပါတယ်။ “စွမ်း”တဲ့နေရာကနေ “စ”ဖို့ပဲ လိုတာပါ-တဲ့လေ။
၀၃/၀၄/၂၀၁၆