အချိန်ရှိခိုက်၊ လုံ့လစိုက်၊ မမိုက်သင့်ပေ၊ ဒို့တစ်တွေ။

Sunday, January 31, 2016

ရာစုသစ် ပဋိပက္ခ

အသိပေးဖို့လွယ်တဲ့ သတိတွေနဲ့
လိုက်နာဖို့ခက်တဲ့ အသိတွေကြား
ပဋိပက္ခများရတာလည်း မောပါတယ်။
ဆန္ဒနဲ့ သိက္ခာကြား
လွန်ဆွဲပါများလို့ ပွန်းရှသွားတဲ့လက်တွေကိုကြည့်ရင်း
သနားရလေမလား။
သစ္စာတရားဆိုတာ ပေတစ်ရာလမ်းပေါ်ကခဲလုံးပမာ
ကြုံသလိုတိုက်သွားသူတွေကြား
မတ်မတ်ရပ်နိုင်ဖို့ ကြိုးစားထားတဲ့ ခြေထောက်တွေကို ဂရုစိုက်မိတယ်။
အပျံသင်သွား
အညောင်းမိထားတဲ့ အတောင်တစ်စုံအတွက်
ကိုယ်ရှိန်သတ်ရင်း ဟပ်ထိုးမလဲချင်တာ အမှန်ပါ။
မေတ္တာဖြင့်-
                   အရှင်ဥတ္တမာနန္ဒ (ပေရာဒေနိယတက္ကသိုလ်)
                   Sunday, January 31, 2016

0 comments:

Post a Comment