အချိန်ရှိခိုက်၊ လုံ့လစိုက်၊ မမိုက်သင့်ပေ၊ ဒို့တစ်တွေ။

Saturday, October 31, 2015

ကနေ့ဖတ်စာ-၉

မြင်တတ်သူအတွက်
တရားကျစရာတွေဟာ
မမြင်တတ်သူတွေအတွက်တော့
ဒေါပွစရာတွေချည်းဖြစ်နေမှာပဲ။
၃၁-၁၀-၂၀၁၅

Friday, October 30, 2015

ကြားသရွေ့ပြော၍၊ ပြောသရွေ့သိကြစေ-၁

ပြောကြပါစေလေ
မောတဲ့တစ်နေ့ ရပ်သွားလိမ့်မယ်လို့
ထမင်းရည်ပူလာ လျှာလွှဲ
မျက်နှာလွဲခဲပစ် တာဝန်မဲ့လုပ်ရပ်တွေ မဖြစ်စေနဲ့။
သူ (သရက်)
                       Tuesday, October 27, 2015

Thursday, October 29, 2015

လင်္ကာမှသည် ဘာရတပြည်သို့ (အခန်း-၆)

Ch 6 (Life Education)

Sunday, October 25, 2015

လင်္ကာမှသည် ဘာရတပြည်သို့ (အခန်း-၅)

Ch-5 (Long Lost Relatives)

Tuesday, October 13, 2015

လင်္ကာမှသည် အိန္ဒိယပြည်သို့ (အခန်း-၄)

Ch-4 (Unexpected Dhamma Discussion)

Thursday, October 8, 2015

ကနေ့ဖတ်စာ (၈)

အရည်အချင်းရှိပြီး ဖြောင့်မတ်သူတွေဟာ
တစ်ဖက်သားကို (သို့မဟုတ်) ပတ်ဝန်းကျင်ကို
အပြစ်ပုံချနေတာမျိုး မလုပ်ပါဘူး။
ဖြစ်ပေါ်လာတဲ့ အခြေအနေ အရပ်အရပ်ကို
အတတ်နိုင်ဆုံးနဲ့ အကောင်းဆုံးဖြစ်အောင် လုပ်တတ်သူတွေပါ။
မေတ္တာဖြင့်-
                 အရှင်ဥတ္တမာနန္ဒ (ပေရာဒေနိယတက္ကသိုလ်)
                 ၀၉/၁၀/၂၀၁၅

Monday, October 5, 2015

လင်္ကာမှသည် အိန္ဒိယပြည်သို့ (အခန်း-၃)

Ch-3 (Travelling a Part of Life-span)

Sunday, October 4, 2015

ကနေ့ဖတ်စာ (၇)



နောက်ဆုံးတော့ ရန်ဖြစ်ဖို့က အဖြေ
မကြိုက်တာခြင်းတူတယ်။ မကြိုက်ပုံချင်းမတူလို့ ရန်ဖြစ်ကြတယ်။
ကြိုက်တာခြင်းတူတယ်။ ကြိုက်ပုံခြင်းမတူလို့ ရန်ဖြစ်ကြတယ်။
မလွတ်လပ်တာကို ဆန့်ကျင်တာခြင်းတူတယ်။ ဆန့်ကျင်ပုံခြင်းမတူလို့ ရန်ဖြစ်ကြတယ်။
ချစ်ကြတာခြင်းတူတယ်။ ချစ်ပုံချစ်နည်းမတူလို့ ရန်ဖြစ်ကြတယ်။
မုန်းကြတာခြင်းတူတယ်။ မုန်းပုံမုန်းနည်းမတူလို့ ရန်ဖြစ်ကြတယ်။
………….. ရန်ဖြစ်ကြတယ်။
………….. ရန်ဖြစ်ကြတယ်။
………….. ရန်ဖြစ်ကြတယ်။
(မှတ်ချက်။      ။ “ကနေ့ဖတ်စာ”ဟု ခေါင်းစဉ်ပြောင်းဖတ်ကြပါရန်)။
မေတ္တာဖြင့်-
                   အရှင်ဥတ္တမာနန္ဒ (ပေရာဒေနိယတက္ကသိုလ်)
                   Sunday, October 04, 2015

Saturday, October 3, 2015

လင်္ကာမှသည် အိန္ဒိယပြည်သို့ (အခန်း-၂)

Ch-2 (Prior Justment for Culture-shock)

Friday, October 2, 2015

ခွေးဟောင်တိုင်း ထ,မကြည့်နဲ့ဆိုပေမယ့် ငယ်သံပါအောင် ဟောင်ပြန်တော့


တစ်ခါက လူတစ်ယောက်ဟာ ခရီးသွားရင်း လှေကြုံလိုက်လိုတာနဲ့ ကမ်းစပ်နားကနေ စောင့်နေပါသတဲ့။ အတော်ကြီးကြအောင် စောင့်နေရပြီးမှ လှေကြုံတစ်စင်းကို လိုက်ခွင့်ရပါတယ်။
လှေသမားနှစ်ဦးက သူတို့လှေနဲ့ လှေကြုံလိုက်ချင်ရင် ခရီးတစ်လျှောက်လုံး စကားတစ်ခွန်းမှ မပြောပါဘူးဆိုတဲ့ကတိကို ပေးရမယ်ဆိုတဲ့ အဖိုးအခနဲ့ပါ။ ခရီးပြန်စထွက်ပြီ ဆိုတာနဲ့ လှေသမားနှစ်ယောက်ဟာ စကားတွေ တဖောင်ဖောင်နဲ့ ပြောပါလေရော။ လှေကြုံလိုက်သူလည်း စကားဝင်ပြောချင်လှပေမယ့် သူ့ကတိစကားကြောင့် မပြောဘဲ အောင့်အည်းနေရပါတယ်။ စကားတစ်ခွန်းပြောမိတာနဲ့ ကမ်းကပ်ပြီး ချထားခံရမှာ မိုလို့ပါ။
အတော်လေးကြာတော့ လှေသမားတစ်ယောက်က “အသီးမှန်ရင် အမှည့်ဆို ချိုပါတယ်ကွ”လို့ ပြောလိုက်ပါတယ်။ သူ့အဖော်ကလည်း “ဟုတ်တာပေါ့” “ဟုတ်တာပေါ့”နဲ့ အတိုက်အဖောက် ကိုက်နေပါတယ်။ အဲဒီစကားကိုပဲ ခဏခဏ ပြောပါများတော့ လှေကြုံလိုက်သူက စကားတွေ ပြောချင်လွန်းလို့ ပါးစပ်ကို လက်ဝါးနဲ့ကာထားရတဲ့အထိလို့ ဆိုပါတယ်။
နောက်တော့ အကြံတစ်ခုရပြီး လှေသမားက “အသီးမှန်ရင် အမှည့်ဆို ချိုပါတယ်ကွ”လို့လည်း ပြောလိုက်ရော ဖင်ခုထိုင်ထားတဲ့ ငရုပ်သီးအိပ်ထဲက အနီရဲရဲတောက်နေတဲ့ ငရုပ်သီးတောင့်ကိုယူပြီး ထောင်ပြလိုက်ပါတော့တယ်။ လှေသမားနှစ်ယောက်လည်း တစ်ခါတည်း ပါးစပ်ပိတ်သွားပါလေရော-တဲ့။
မေတ္တာဖြင့်-
အရှင်ဥတ္တမာနန္ဒ (ပေရာဒေနိယတက္ကသိုလ်)
၀၂/၁၀/၂၀၁၅
မှတ်ချက်။      ။ FB-က မိတ်ဆွေတစ်ဦးက “ငြုပ်ချိုသီးဖြစ်နေရင်ကော် ဘုရား”လို့ မှတ်ချက်ပေးပါတယ်။ အခါးဖြစ်ဖြစ် အချိုဖြစ်ဖြစ် လောကသဘာအရတော့ ငြုပ်သီးဆိုတာ အစပ်ကိုပဲ ကိုယ်စားပြုပါတယ်လို့ ပြောလိုက်ပါတယ်။ ကိုယ်ကပဲ လှေနံဓားထပ် မှတ်လေးသလားလို့တော့ သံသယမဖြစ်ပါဘူး။ ကိုယ်ပိုင်အလင်းဖြင့် ရပ်တည်ခွင့် ရှိပါစေသတည်း။  သို့ရာတွင် ကိုယ့်အမြင်ဖြင့် တစ်ဖက်သတ်အမှန်ဟု သက်ရောက်ခြင်း မရှိစေရ ..... ။

Thursday, October 1, 2015

ကနေ့ဖတ်စာ (၆)

ရွဲ့စောင်းနေတဲ့လောကကြီးမှာ
ကိုယ့်အလုပ်ကိုယ် မလုပ်ကြသူတွေချင်း ကျားကန်ပေးထားရတယ်။
မေတ္တာဖြင့်-
                  အရှင်ဥတ္တမာနန္ဒ (ပေရာဒေနိယတက္ကသိုလ်)
                  ၃၀/၀၉/၂၀၁၅