အချိန်ရှိခိုက်၊ လုံ့လစိုက်၊ မမိုက်သင့်ပေ၊ ဒို့တစ်တွေ။

Tuesday, August 25, 2015

Turning-Point

ရေဆူမှတ်မှာ ဒီဂရီဘယ်လောက်ရောက်ရင် ရေဆူတယ်ဆိုတာကိုတော့ ကောင်းကောင်း မသိပါဘူး။ ဘ၀ပေးအသိပညာအရ လူတိုင်းလိုလို သိနေတာကြကတော့ ရေနွေးအိုးတစ်လုံး တည်ပြီဆိုပါစို့ .... ရေအနည်းငယ်ပူလာရင်ချလိုက် ပြီးရင်ပြန်တည်လိုက်လုပ်၊ ဒီလိုနဲ့ အကြိမ်များစွာ လုပ်နေပေမယ့် ရေနွေးက ဆူလာမှာမဟုတ်ဘူးဆိုတာပဲ။ မီးအရှိန် ကောင်းသည်ဖြစ်စေ မကောင်းသည်ဖြစ်စေ ရေနွေးဆူပွက်သည်အထိ တောက်လျောက် တည်ရမှာဖြစ်ပါသည်။ ပုံသေနည်းကတော့ မီးအရှိန်ကောင်းရင် မြန်မယ်၊ အရှိန်မကောင်းရင် နှေးမယ် ကြာမယ်။ မီးအရှိန်ပင် ကောင်းနေပေမယ့် လေးတိုက်လို့ မီးကဘေးရောက် ရေနွေးအိုးအောက်တည့်တည့်မကျကျရင်လည်း ကြာတတ်ပြန်ပါတယ်။
တစ်ခါတလေမှာ ပြောချင်တာတွေ အားကြီးပြီး ပြောသင့်တာတွေကို မေ့သွားတတ်တယ်။ လုပ်ချင်တာတွေ အားကြီးပြီး လုပ်သင့်တာတွေကို ကျော်သွားတတ်ပြန်တယ်။ ဖြစ်ချင်တာတွေအားကြီးပြီး ဖြစ်သင့်တာတွေက လွဲသွားပြန်ရော ..... ။
သတိမြဲနေဖို့ နှလုံးသွင်းမှန်ရပါမယ်။ ဖြောင့်မတ်တဲ့ နှလုံးသွင်းမှုကို ရဖို့ကတော့ ပညာလိုပါတယ်။ ပညာကို ပြည့်စုံအောင် အထွတ်တပ်ပေးနိုင်တာကတော့ ဖြူစင်တဲ့ ကိုယ့်ကျင့်တရား ဖြစ်ပါတယ်။
မေတ္တာဖြင့်-
                   အရှင်ဥတ္တမာနန္ဒ (ပေရာဒေနိယတက္ကသိုလ်)
                   Tuesday, 25 August, 2015

0 comments:

Post a Comment