အချိန်ရှိခိုက်၊ လုံ့လစိုက်၊ မမိုက်သင့်ပေ၊ ဒို့တစ်တွေ။

Tuesday, July 21, 2015

အများကြီးထဲမှာ တစ်လမ်းသာ



“အများကြီးထဲမှာ တစ်လမ်းသာ”
အတိတ်တွေအဆိပ်ဖြစ်
အရိပ်ဖြစ်ရက်နဲ့ မခိုဖြစ်တဲ့ပြည်သူတွေ
မျက်မှောက်အလွဲတွေမှာ
ကိုယ့်ကိုယ်ကိုယ်လွဲနေတာများလေတော့
အနာဂတ်တွေပျောက်ရဦးမယ့်ပြည်သူတွေ
ဒီပုတ်ထဲကနေတော့
မထူးတော့တဲ့ ‘ပဲ’တွေလို့ပဲဆိုရမလား
ကိုယ့်ဒူးကိုယ်ကျူး မယုံစဖူး ယုံချင်သူတွေကြား
မျှော်လင့်ချက်တွေေ၀၀ါးရပြန်တယ်
စည်းခြား ဒိုင်ယာစပိုရာ (Diaspora)တွေအတွက်
အလုပ်အတွက် အပြန်လှန် ဦးညွတ်ကြရင်း
အဓိပ္ပါယ်တွေမလွဲ လိုရာကိုမဆွဲသရွေ့
မြေဖြူအစား ဆော့ပင်ကိုသုံးခွင့်ရှိပါစေလား
ဘုတ်အုပ်အစား နုတ်ဘုတ်ကို ထုတ်ကြပါစေလား
ရိုးမြေကိုပစ် ၀မ်းရေးခက်လို့ဆိုသူတွေရယ်
ကိုယ်ရေးကိုပစ် တိုင်းပြည်ချစ်လို့ဆိုသူတွေရယ်
ကိုယ့်ဇာတ်ကိုယ်မလုံ ‘ဖား’တုလို့ ‘ခရု’ခုန်သူတွေရယ်
တောင်းဆိုခွင့်ရှိလို့ တောင်းရကြေးဆိုရင်-
“အာဃာတကိုဖြေဖျောက်
လမ်းမှန်ရောက်မယ့်ဆေးတစ်ဖုံရှိရင် ပေးပါ”လို့ …….. ။
                                                                                    သူ (သရက်)
                                                                                           Tuesday, July 21, 2015

2 comments:

Unknown said...

ကိုယ့်​ကိုယ်​ကိုလွဲတာများ​လေ​တော့..လမ်းမှန်​​ရောက်​မယ့်​​ဆေးတစ်​ဖုံ
အမှန်​လိုအပ်​တာပါ

အရှင်ဥတ္တမာနန္ဒ (ပေရာဒေနိယတက္ကသိုလ်) said...

အကာကိုပစ်လို့ အနှစ်ကိုပင် ရှာတယ်ဆိုစေဦးတော့ ပတ်ဝန်းကျင်ကို မလွန်ဆန်နိုင်တဲ့ လူ့စရိုက်ကြောင်း အမှာကြာတော့လည်း အမှန်ဖြစ်ပြီး၊ နှစ်ခြိုက်လာတတ်ပါတယ်။ လမ်းမှန်ရောက်ဖို့အတွက်တော့ ကိုယ့်ကိုယ်ကိုယ် ကောင်းကောင်းဆောက်တည်နိုင်ဖို့ပဲ ရှိတော့တယ်။

Post a Comment