အချိန်ရှိခိုက်၊ လုံ့လစိုက်၊ မမိုက်သင့်ပေ၊ ဒို့တစ်တွေ။

Tuesday, June 2, 2015

မာနိုင်တဲ့အသည်း မေ့နိုင်ခဲတယ်



မာနိုင်တဲ့အသည်း မေ့နိုင်ခဲတယ်
*****@@@*****
ဒီအရိပ်မှာခို
ရေချိုတွေအတူသောက်
ရွှေအိုချိန်အတူမရောက်နိုင်ပေမယ့်
ဒီပင်ပျိုအောက်မှာပဲ
သွေးချင်းနှော
ရိုးသားချင်းတွေရောလို့
ကိုယ့်အလင်းကိုယ်ဆောင်နိုင်ဖို့ ကြိုးစားခဲ့ဖူးတယ်။
ဒီအရိပ်ထဲ
ပင်ပျိုခင်ကျဲပြန်တော့
နေညိုချိန်ပဲရယ်လို့
မှိုင်းအုံ့အုံ့ဒီပင်ပျိုကို
သက်သက်တွေထပ်ပြန်ဆိုလို့
လမ်းခွဲလို့ခရီးနှင်
အလင်းရှင်ကိုယ်သခင်ဖြစ်ပြီမို့
အိမ်အိုရည်မှန်း ကိုယ်စီမြန်းဖို့ ပြင်ရပြီ။
လာပြီလားလို့ မကြိုဆို
ပြန်ပြီဆိုလည်း မနှုတ်ဆက်
လောကအလို သူသဘောမပိုသလိုပဲ
လာလိုလာ သွားလို့သွား
ငါ့အရိပ်နားသွားတဲ့ခဏ
ဘေးမခ အေးမြစေသားရယ်ထင့်
အစွမ်းကုန်သူလန်းတယ် လောကပန်းတွေအတွက်။
မေတ္တာဖြင့်-
                                                             အရှင်ဥတ္တမာနန္ဒ (ပေရာဒေနိယတက္ကသိုလ်)
                                                                   Friday, May 29, 2015

0 comments:

Post a Comment