အချိန်ရှိခိုက်၊ လုံ့လစိုက်၊ မမိုက်သင့်ပေ၊ ဒို့တစ်တွေ။

Tuesday, April 7, 2015

ကမ္ဘာကြီးရဲ့ မသထာရေစာ

ကမ္ဘာကြီးရဲ့ မသထာ(မ-သဒ္ဓါ)ရေစာ
မှတ်မှတ်ရရပြောရရင် ၂၀၁၁-နှစ်ကုန်ပိုင်းကစလို့ ကိုလံဘို-မှာ လိုင်းကားမစီးဖြစ်တော့ဘူး။ အရင်တုန်းကတော့ အသပြာကို ပိုပြီးအလေးထား ချွေတာရတယ်။ ၂၀၁၁-က ပြန်တွေးမိတာကတော့ အချိန်ကိုပိုပြီး ချွေတာဖို့ လိုလာတယ် ဆိုတာပါပဲ။
ရှေးစကားတစ်ခွန်း ကြားဖူးတာ ရှိတယ်။ ဘာတဲ့ …… “စားနိုင်တုန်းက မစားနိုင်ဘူး၊ အခု စားနိုင်ပြန်တော့လည်း မစားနိုင်တော့ဘူး”တဲ့။ ဗြုန်းကနဲဆိုရင် နားရှုပ်စရာ စကားပေါ့။ တကယ်တော့ မပြည့်စုံမှုတွေ၊ လိုအပ်ချက်တွေကို မီးမောင်းထိုးပြတဲ့စကားပါ။
ဒီလိုပါ။ ငယ်ငယ်က အားရပါရ စားနိုင်တုန်းကတော့ ရှားပါးလို့ ငွေကြေးမပြည့်စုံလို့ စာချင်တိုင်း မစားနိုင်ဘူး၊ အခု ကြီးလာလို့ အတော်အတန်ပြည့်စုံလာ စားနိုင်သောက်နိုင် ဖြစ်လာပြန်တော့လည်း ကျန်းမာရေးထောက်လို့ မစားနိုင်ပြန်ဘူး-လို့ ဆိုလိုတာပါ။
အခုလည်း ဒီလိုပါပဲ။ အရင်တုန်းကတော့ အလုပ်တစ်ခု ဖြစ်အောင်ပဲ လုပ်နေခဲ့ရတယ်။ အခုတော့လည်း အလုပ်ကိုပဲ အလုပ်ဖြစ်အောင် လုပ်နေရပြန်တယ်။ အပြောင်းအလဲက တစ်သမတ်တည်း မရှိပါဘူး။ လူ့စံတွေ တန်ဖိုးဆိုတာတွေလည်း အချိန်အခါတွေ ပတ်ဝန်းကျင်တွေအပေါ် မူတည်ပြီး ပြောင်းလဲနေရပါတယ်။
လိုင်းကားစီးမိတော့လည်း အဲလိုပါပဲ။ တွေးမိစရာတွေက အများသား။ မြင်တာ ကြားတာတွေကလည်း အဆန်းနဲ့။ ပတ်ဝန်းကျင်စခန်းဆိုတာ မနားမိတာ မရှိသလောက်ပါပဲ။ ဒီလိုနဲ့ အ၀ိုင်းပတ်တစ်နေရာရောက်တော့ သတိပေးစာသားလေးကို ကွက်ကွက်ကွင်းကွင်းကြီး တွေ့ပြန်ပါတယ်။
Respect Life,
Respect Road-signs!
“အသက်ကို တန်းဖိုးထားရင်
လမ်းပြသင်္ကေတတွေကို တန်ဖိုးထား”ဆိုလားပဲ။
အရင့်အရင်တွေကတော့ ကမ္ဘာမှာ လူဦးရေ သန်းခြောက်ထောင်ပြည့်လာတာကို ဂုဏ်ယူကြ အမွှန်းတင်ကြ ကြိုဆိုပွဲတွေ လုပ်ကြနဲ့ပေါ့။ အခုကြပြန်တော့လည်း လူဦးရေတွေ ဖောင်းပွလာတယ်ဆိုလား ဘာဆိုလား။
အဲဒီလိုပဲ အရင်ကတော့ အသက်ရှည်ရှည် နေနိုင်ရင် နိုင်ငံ့ဂုဏ်သိက္ခာတဲ့။ ဟော …………. အခုကြပြန်တော့ အသက်ကြီးသူတွေ များလာလို့ အလုပ်လက်မဲ့တိုးလာတယ်၊ လူပိုတွေ များလာတယ် ဖြစ်ပြန်ရော။ ဆိုတော့ ….. ယာဉ်အိုယာဉ်ဟောင်း အပ်နှံသလို အခပေးအပ်နှံနေရတဲ့ လူအိုရုံဆိုတာတွေကအစ ငိုပြကြပြန်ပြီ။ အော် ….. ကမ္ဘာရယ်၊ အရူးမ လင်တော်ရတဲ့အတိုင်းပါပဲလား။
လူတွေဟာ လူတွေပဲဆိုတော့ လူတွေရဲ့ စံတွေကိုပဲ အတ်ဒိတ်မြှင့်မြှင့် (Undate)ပြီး ထပ်ပြန်တလဲလဲ ချိုးဖောက်နေကြတယ်။ သူတော်စင်တွေရဲ့ စံတွေဟာပဲ ခေတ်မမှီသလိုလို ဘာလိုလိုနဲ့ သူတို့ပယ်ကြတယ်။ အခုတော့လည်း ဖြစ်ရပြန်ပြီတစ်ခါ။ “လူသားချင်း စာနာမှု”ဆိုလားပဲ။
ကဲ ….. အဲဒါပဲကြည့်တော့။ လူ့စံ …….. လူ့စံဆိုတာ “လု”နိုင်မှ “စံ”ရသလိုပါပဲလား။
မေတ္တာဖြင့်-
                   အရှင်ဥတ္တမာနန္ဒ (ပေရာဒေနိယတက္ကသိုလ်)
                   Wednesday, April 08, 2015

0 comments:

Post a Comment