အချိန်ရှိခိုက်၊ လုံ့လစိုက်၊ မမိုက်သင့်ပေ၊ ဒို့တစ်တွေ။

Wednesday, April 29, 2015

ပြောင်းလဲခြင်းဟာ နိယာမဆိုရင် တို့ဟာ နိယာမရဲ့ သားကောင်တွေပဲပေါ့

Article on Victims of the Change

Saturday, April 25, 2015

ကိုယ်ကောင်းဖို့သာ အဓိက



          ဆရာတပည့်နှစ်ယောက်တို့ ၀ါးတိုင်ဖျားတက်ပြီး ကပြဖို့လုပ်တော့ အောက်ကနေတဲ့ ဆရာက ပခုံးပေါ်ရပ်နေတဲ့ တပည့်ဖြစ်သူကို ပြောတယ်။ ၀ါးတိုင်ထပ်ကနေ ပြုတ်မကျအောင် တပည့်က ဆရာကို စောင့်ရှောက်ပါ၊ ဆရာကလည်း တပည့်ကို ပြန်စောင့်ရှောက်မယ်-တဲ့။
          တပည့်က ဆရာကို ပြန်ပြောတယ်။ ဆရာပြောတာ နည်းလမ်းမသင့်ဘူးပေါ့။ ၀ါးတိုင်ထိပ် ကပြရာကနေ အောင်အောင်မြင်မြင်နဲ့ ပြီးဆုံးအောင် ပြုတ်မကျအောင် ဆရာက ဆရာ့ကိုယ်ဆရာ စောင့်ရှောက်ပါ၊ ကျွန်တော်က ကျွန်တော့်ကိုယ် ကျွန်တော်ပဲ ပြုတ်မကျအောင် လုပ်ပါ့မယ်။ ဒါမှသာ နှစ်ယောက်လုံးကို စောင့်ရှောက်ရာရောက်မယ်-တဲ့။
          လောကမှာ ကိုယ့်ကိုယ်ကိုယ် ကောင်းအောင်စောင့်ရှောက်တာဟာ ပန်ဝန်းကျင်ကို ကောင်းအောင် စောင့်ရှောက်တာနဲ့ အတူတူပါပဲ။ အလားတူ မဟုတ်ပေမယ့် သူတစ်ပါးကို စောင့်ရှောက်တာလည်း ကိုယ့်ကိုယ်ကိုယ် စောင့်ရှောက်ရာ ရောက်ပါတယ်။ အဓိကတော့ ကိုယ့်ကိုယ်ကိုယ် ကောင်းအောင်စောင့်ရှောက်ဖို့သာ ဖြစ်ပါတယ်။ (သံ၊ ၃၊ ၁၄၆)။
မေတ္တာဖြင့်-
                   အရှင်ဥတ္တမာနန္ဒ (ပေရာဒေနိယတက္ကသိုလ်)
                   Saturday, April 25, 2015

Tuesday, April 21, 2015

Vinaya: The Disciplinary Rules for Buddhist Monks

Vinya; The Disciplinary Rules for Buddhist Monks by Ashin Uttamananda (PhD, Thesis)

Sunday, April 19, 2015

ရူးပါစေလေ မိုးခါးရေတော့ မသောက်ဘူး




“ရူးပါစေလ မိုးခါးရေတော့ မသောက်ဘူး”
လောဘတွေကို ချိုးနှိမ်
ဆန္ဒမွန်တွေ တင်းတိမ်ဖို့မလို
အတိုင်းအတာဟာ
ကိုယ့်နှိုင်းစရာနဲ့ ကိုယ်ပါပဲ
အမုန်းနဲ့ ဥပေက္ခာကြား
လွန်ဆွဲတာ များသွားလေသလားလို့
သံသယ၀င်ခဲ့ရင်တောင်
လောကအထင်တွေ ကျဲသွားမှာပါ။
မေတ္တာဖြင့်-
                                                                   အရှင်ဥတ္တမာနန္ဒ (ပေရာဒေနိယတက္ကသိုလ်)
                                                                   Sunday, April 19, 2015

Saturday, April 18, 2015

၂၀၁၅-နှစ်သက်လက်ဆောင်

တစ်နေ့နေ့နဲ့
တစ်ရွေ့ရွေ့
              တစ်နေရာရာ
             တစ်စုံတစ်ရာဆီသို့ .......... ။

မေတ္တာဖြင့်-
               အရှင်ဥတ္တမာနန္ဒ (ပေရာဒေနိယတက္ကသိုလ်)
               ၁၇-၀၄-၂၀၁၅

(မကြာမီ ခွဲခွာရတော့မယ့် မိတ်ဆွေအချို့အတွက် ရေးပေးဖြစ်တဲ့ အမှတ်တရာစကားလေး)။

Saturday, April 11, 2015

လူ၊ ပြဿနာနှင့် အဖြေ (E-Book လက်ကမ်းစာစဉ်-၄)

Human; Its Issue and Solution by Ashin Uttamananda (PhD, Thesis)

Thursday, April 9, 2015

ပြောချင်လို့ ပြောဦးမယ် (၁)

Article on Let's Me Tell You Something

Tuesday, April 7, 2015

ကမ္ဘာကြီးရဲ့ မသထာရေစာ

ကမ္ဘာကြီးရဲ့ မသထာ(မ-သဒ္ဓါ)ရေစာ
မှတ်မှတ်ရရပြောရရင် ၂၀၁၁-နှစ်ကုန်ပိုင်းကစလို့ ကိုလံဘို-မှာ လိုင်းကားမစီးဖြစ်တော့ဘူး။ အရင်တုန်းကတော့ အသပြာကို ပိုပြီးအလေးထား ချွေတာရတယ်။ ၂၀၁၁-က ပြန်တွေးမိတာကတော့ အချိန်ကိုပိုပြီး ချွေတာဖို့ လိုလာတယ် ဆိုတာပါပဲ။
ရှေးစကားတစ်ခွန်း ကြားဖူးတာ ရှိတယ်။ ဘာတဲ့ …… “စားနိုင်တုန်းက မစားနိုင်ဘူး၊ အခု စားနိုင်ပြန်တော့လည်း မစားနိုင်တော့ဘူး”တဲ့။ ဗြုန်းကနဲဆိုရင် နားရှုပ်စရာ စကားပေါ့။ တကယ်တော့ မပြည့်စုံမှုတွေ၊ လိုအပ်ချက်တွေကို မီးမောင်းထိုးပြတဲ့စကားပါ။
ဒီလိုပါ။ ငယ်ငယ်က အားရပါရ စားနိုင်တုန်းကတော့ ရှားပါးလို့ ငွေကြေးမပြည့်စုံလို့ စာချင်တိုင်း မစားနိုင်ဘူး၊ အခု ကြီးလာလို့ အတော်အတန်ပြည့်စုံလာ စားနိုင်သောက်နိုင် ဖြစ်လာပြန်တော့လည်း ကျန်းမာရေးထောက်လို့ မစားနိုင်ပြန်ဘူး-လို့ ဆိုလိုတာပါ။
အခုလည်း ဒီလိုပါပဲ။ အရင်တုန်းကတော့ အလုပ်တစ်ခု ဖြစ်အောင်ပဲ လုပ်နေခဲ့ရတယ်။ အခုတော့လည်း အလုပ်ကိုပဲ အလုပ်ဖြစ်အောင် လုပ်နေရပြန်တယ်။ အပြောင်းအလဲက တစ်သမတ်တည်း မရှိပါဘူး။ လူ့စံတွေ တန်ဖိုးဆိုတာတွေလည်း အချိန်အခါတွေ ပတ်ဝန်းကျင်တွေအပေါ် မူတည်ပြီး ပြောင်းလဲနေရပါတယ်။
လိုင်းကားစီးမိတော့လည်း အဲလိုပါပဲ။ တွေးမိစရာတွေက အများသား။ မြင်တာ ကြားတာတွေကလည်း အဆန်းနဲ့။ ပတ်ဝန်းကျင်စခန်းဆိုတာ မနားမိတာ မရှိသလောက်ပါပဲ။ ဒီလိုနဲ့ အ၀ိုင်းပတ်တစ်နေရာရောက်တော့ သတိပေးစာသားလေးကို ကွက်ကွက်ကွင်းကွင်းကြီး တွေ့ပြန်ပါတယ်။
Respect Life,
Respect Road-signs!
“အသက်ကို တန်းဖိုးထားရင်
လမ်းပြသင်္ကေတတွေကို တန်ဖိုးထား”ဆိုလားပဲ။
အရင့်အရင်တွေကတော့ ကမ္ဘာမှာ လူဦးရေ သန်းခြောက်ထောင်ပြည့်လာတာကို ဂုဏ်ယူကြ အမွှန်းတင်ကြ ကြိုဆိုပွဲတွေ လုပ်ကြနဲ့ပေါ့။ အခုကြပြန်တော့လည်း လူဦးရေတွေ ဖောင်းပွလာတယ်ဆိုလား ဘာဆိုလား။
အဲဒီလိုပဲ အရင်ကတော့ အသက်ရှည်ရှည် နေနိုင်ရင် နိုင်ငံ့ဂုဏ်သိက္ခာတဲ့။ ဟော …………. အခုကြပြန်တော့ အသက်ကြီးသူတွေ များလာလို့ အလုပ်လက်မဲ့တိုးလာတယ်၊ လူပိုတွေ များလာတယ် ဖြစ်ပြန်ရော။ ဆိုတော့ ….. ယာဉ်အိုယာဉ်ဟောင်း အပ်နှံသလို အခပေးအပ်နှံနေရတဲ့ လူအိုရုံဆိုတာတွေကအစ ငိုပြကြပြန်ပြီ။ အော် ….. ကမ္ဘာရယ်၊ အရူးမ လင်တော်ရတဲ့အတိုင်းပါပဲလား။
လူတွေဟာ လူတွေပဲဆိုတော့ လူတွေရဲ့ စံတွေကိုပဲ အတ်ဒိတ်မြှင့်မြှင့် (Undate)ပြီး ထပ်ပြန်တလဲလဲ ချိုးဖောက်နေကြတယ်။ သူတော်စင်တွေရဲ့ စံတွေဟာပဲ ခေတ်မမှီသလိုလို ဘာလိုလိုနဲ့ သူတို့ပယ်ကြတယ်။ အခုတော့လည်း ဖြစ်ရပြန်ပြီတစ်ခါ။ “လူသားချင်း စာနာမှု”ဆိုလားပဲ။
ကဲ ….. အဲဒါပဲကြည့်တော့။ လူ့စံ …….. လူ့စံဆိုတာ “လု”နိုင်မှ “စံ”ရသလိုပါပဲလား။
မေတ္တာဖြင့်-
                   အရှင်ဥတ္တမာနန္ဒ (ပေရာဒေနိယတက္ကသိုလ်)
                   Wednesday, April 08, 2015

Sunday, April 5, 2015

နွေဦးသစ္စာ



“နွေဦးသစ္စာ”
*****
ကျေနပ်ခြင်းကို ပွဲတော်တည်မယ်
သန်းခေါင်ယံမှာဆွေးလို့
ကြယ်တွေအဝေးကလွမ်းနေပါလား
ဆောက်လက်စအိမ်လေး တိုးလိုးတန်းလန်းနဲ့
မပြည့်စုံခြင်းကို နံရံကပ်
လေဟပ်တိုင်း လွယ်ကြိုးသိုင်းရ
လိုအင်တစ်ထပ်ကို အမိုးအပ်
ဟင်းလင်းနဲ့မလုံပါလား
ကြမ်းခင်းကို ကြမ်းကြမ်းခင်း
ရမ်းသန်းနင်းလို့မရ
ဘယ်ကိုပဲကြည့်ကြည့်
တစ်ခုတည်းသိ တစ်ခုပဲမြင်
မြင်မြင်နေတာတစ်ပုံစံတည်း ……. ။
                                                                         သူ (သရက်)
                                                                             Sunday, April 05, 2015

Thursday, April 2, 2015

အလုပ်

“အလုပ်”
         အရှင်ဘုရား စာမရေးတော့ဘူးလား ဘုရား။
         စာတွေရေးချင်နေတာ လက်ကိုယားလို့ဗျာ။
         ဒါဆို ဘာဖြစ်လို့ မရေးသလဲ။
         မအားလို့ပေါ့ဗျာ။
         ဟင် ….. မအားဘူးဆိုတော့ ဘာတွေလုပ်နေရလို့လဲ ဘုရား။
         စာသင်နေရတယ်လေ။ ကိုယ်က သူများဆီကသင်၊ သူများကို ကိုယ်ကသင်ပေးပေါ့။ နည်းနည်း ကြီးကြီးကျယ်ကျယ်ပြောရရင် သုတေသန လုပ်နေတယ်လေဗျ။ သုတေသနစာတမ်း ရေးနေတာပေါ့။
         အရှင်ဘုရားတို့ကလည်း မြန်မြန်ပြီးအောင် သင်တာမဟုတ်ဘူး။ တချို့ဆရာတော်တွေ မိန့်သလို “မြန်မြန်ပြီးအောင်လုပ်လေ၊ တခြားလုပ်စရာတွေ ရှိသေးတယ် မဟုတ်လား။
         ဗျာ …………. ။ ဦးဇင်းတို့အတွက်ကတော့ စာသင်တာကိုက အလုပ်ပဲလေ။ “လမ်းသွားဟန်လွှဲ”လုပ်တဲ့ အလုပ်မျိုးမဟုတ်ဘူး။ စာသင်တာကိုပဲ အဓိကအလုပ်အနေနဲ့ လုပ်နေတာပါ။ ဘုရားရှင်က စာပေသင်ယူ/ပို့ချတာကို “ဂန္ထဓု”ဆိုတဲ့နာမည်နဲ့ သီသန့်အလုပ်ကြီးကို ပေးထားတာပဲလေ။
         ဒါဆို …… တခြားလုပ်စရာရှိတာတွေကို ဘယ်အချိန်လုပ်မလဲ။ သာသနာပြုလုပ်ငန်းတွေ ဘာတွေပေါ့။
         တခြားလုပ်စရာရှိတာတွေကို တခြားလူတွေ လုပ်လိမ့်မယ်ပေါ့ဗျာ။ ကိုယ့်လူတွေက ကိုယ့်အလုပ်ကိုယ် လုပ်ပေါ့ ဟုတ်ဘူးလား။ ဦးဇင်းကတော့ စာသင်တာကိုပဲ အလုပ်လို့သဘောထားပြီး လုပ်နေမှာပဲ။ ကျန်တာတွေကို အားတဲ့အချိန်မှ လုပ်မှာပေါ့။ နောက်ပြီး “သာသနာပြု”ဆိုတာ သူငယ်ချင်းတစ်ပါးထံမှ တစ်ဆင့်သိရသလိုပဲ ခန္ဓာကိုယ်နဲ့ပြုမှ သာသနာပြု မဟုတ်ပါဘူးဗျ။ ကိုယ်ကျင့်သိက္ခာနဲ့ နေနေတာလည်း သာသနာပြုတာပါပဲ။ တတ်နိုင်သမျှ ကျင့်ဝတ်ဝိနည်းတွေအတိုင်း နေထိုင်တာလည်း သာသနာပြုနေတာပါပဲ။ “သာသနာ”ဆိုတာ “အဆုံးမ”လေ။ အဆုံးမအတိုင်းနေတာ သာသနာပြုတာပေါ့ဗျာ။
         သဘောပေါက်ပါပြီ ဘုရား။ တပည့်တော်က “သာသနာပြုလုပ်ငန်းတွေ” လုပ်နိုင်အောင် စာသင်နေတယ်လို့ ထင်တာ။ ကျေးဇူးပါ ဘုရား။ ဦးတင်ပါတယ်။
         ကောင်းပါပြီဗျာ ……… ။ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာစွာဖြင့် ကောင်းသောလိုအင်ဆန္ဒများနဲ့ ပြည့်စုံနိုင်ပါစေ ……. ။
မေတ္တာဖြင့်-
                   အရှင်ဥတ္တမာနန္ဒ (ပေရာဒေနိယတက္ကသိုလ်)
                   Friday, April 03, 2015