အချိန်ရှိခိုက်၊ လုံ့လစိုက်၊ မမိုက်သင့်ပေ၊ ဒို့တစ်တွေ။

Thursday, March 12, 2015

ဖော်မြူလာရောင်းလိုသူ

ဖော်မြူလာ (Formula) ရောင်းလိုသူ
          အညာတောရွာမှ ကိုတင်ဆိုသူ လူတစ်ယောက်သည် ဖော်မြူလာတစ်ခု ရောင်းချလို၍ ပွဲကြုံတိုင်း ကြေငြာလေ့ရှိသည်။ လူထူထူရှိရာ ကျေးရွာသာရေး-နာရေး အခမ်းအနားများတွင် ထင်ထင်ပေါ်ပေါ် တွေ့ရတတ်သည်။ ရွာလူများကတော့ ရေဒီယိုတစ်လုံး လက်ကမချဘဲ ဟိုသတင်းနားထောင်သလိုလို ဒီသတင်းနားထောင်သလိုလိုနဲ့ စကားကြုံတိုင်း ၀င်နွှဲတတ်ပြီး အလုပ်လက်ကြောတင်းအောင် မလုပ်သူ ကိုတင်ကို “တတ်ယောင်ကား”ဟု နောက်ကွယ်တွင် နာမည်ပေးထားသည်။
          ကိုတင်၏ ဖော်မြူလာဆိုသည်မှာ “ဇွန်း”လုပ်ဖို့ ဖြစ်သည်။ ကော်ဖီမစ်အခွံကနေပြီး ဇွန်းထုတ်လုပ်မည့် မဟာစီမံကိန်းဟုဆိုလျှင် ပို၍ မှန်ပါသည်။ အသင့်ဖျော် ကော်ဖီထုပ်ဖြင့် ကော်ဖီသောက်သုံးသူများသည် ကော်ဖီမှုန့်များကို ပုဂံထဲထည့်၊ ရေနွေးထည့်ပြီးနောက် သမအောင်မွှေဖို့ရန် ဇွန်းရှာကြရသည်။ အချို့ကလည်း ကော်ဖီထုပ်အခွံဖြင့် ခေါက်လိမ်၍ မွှေလေ့ရှိကြသည်။ အချို့ကြတော့ ပလပ်စတစ်အိပ်ဓာတ်၊ ခဲဓာတ်စသည်တို့ကြောင့် ရောဂါဖြစ်တတ်သည်ဟုဆိုပြီး ယင်းသို့ မမွှေကြ။ ဇွန်းဖြင့်သာ မွှေကြသည်။
ဤအချက်ကို ကောင်းကောင်းသတိထားမိသော ကိုတင်က ဇွန်းလုပ်ဖို့ ဖော်မြူလာဟုဆိုကာ လူစုံရာမှာ ပြောလေ့ရှိသည်မှာ “ကော်ဖီမစ်ထုပ်ကို ဖောက်ပြီး ပုဂံထဲကို ထည့်ပြီးတာနဲ့ ကော်ဖီမစ်အိပ်ခွံကို လွှင့်ပစ်စရာမလိုဘဲ ကော်ဖီမစ်အိပ်ခွံကို ဇွန်းဖြစ်သွားအောင် ပြုလုပ်ရမည့်နည်း ရောင်းစရာရှိတယ်”ဟူ၍ ဖြစ်သည်။ အတော်အတန် ဗဟုသုရှိသူများက “ဟ …. ကိုတင်ရ၊ ခင်ဗျားဟာက ဖော်မြူလာမှ မဟုတ်သေးတာ။ သီအိုရီ (Theory) အဆင့်ပဲရှိသေးတာကို၊ ဘယ်လိုလုပ်ပြီး အိပ်ခွံကနေ ဇွန်းဖြစ်အောင် လုပ်မှာလဲ”ဟု မေးလျှင် “ဟာဗျာ ….. ဒါကတော့ ၀ယ်သူမှ မရှိသေးတာကိုဗျ၊ ဘယ်ပြောလို့ ဖြစ်ဦးမှာလဲ”-ဟူ၏။
တောသားဆိုပြီး လျှော့တွက်လို့ မရ။ လုပ်နည်းစနစ် (Formula) နှင့် သဘောတရား (Theory) ဆိုသည်များ သိသူများပါပေ။
သူ (သရက်)
Thursday, March 12, 2015

0 comments:

Post a Comment