အချိန်ရှိခိုက်၊ လုံ့လစိုက်၊ မမိုက်သင့်ပေ၊ ဒို့တစ်တွေ။

Saturday, February 28, 2015

ဘာမှ မဟုတ်ပါဘူး



ဘာမှ မဟုတ်ပါဘူး
          နယ်ပယ်တစ်ခုမှ နာမည်ကြီး ဆရာကြီးတစ်ဦးသည် သင်ကြားပြသမှု ကောင်းသဖြင့် တပည့်တပန်း ပေါများ၏။ နည်းပေးလမ်းညွှန်မှု ကောင်းသဖြင့် လာရောက် အကြံဥာဏ်တောင်းခံသူများလည်း ကြက်ပျံမကျ စည်ကားသည်။ အိမ်ထောင်ရေး အဆင်မပြေသူများ၊ စီပွားရေး အဆင်မပြေသူများ၊ လူမှုရေး အဆင်မပြေသူများဖြင့် စုံလင်လှ၏။
          ဆရာကြီး၏ နည်းမှာ “ဘာမဟုတ်သောနည်း” ဖြစ်သည်။ ဤနည်းဖြင့် လျှမ်းလျှမ်းတောက် ကျော်ကြားခြင်း ဖြစ်သည်။  
          ဆရာကြီး သင်ပြမှုအရ အကြံဥာဏ်ရယူသူများသည် ဂါထာတစ်ပုဒ်ကို တစ်နေ့ ၁၄-ကြိမ် ရွတ်ရမည်။ နေထွက် ၇-ကြိမ်၊ နေ၀င် ၇-ကြိမ် ခွဲထားပြီး နေကို မျက်နှာမူ၍ အသံခပ်ကျယ်ကျယ်ဖြင့် ရွတ်ဆိုရမည်လည်း ဖြစ်သည်။

Friday, February 27, 2015

ရွှေပြည်တော် .... မျှော်တိုင်းဝေးမယ်


ရွှေပြည်တော် မျှော်တိုင်းဝေးမယ်
လူတစ်ယောက် အုန်းပင်ပေါ်ကို မြောက်ကနဲ မြောက်ကနဲ တက်သွားသည်။ ဘေးကနေ ထိုင်ကြည့်နေသူ နှစ်ယောက်မှ-
ပထမလူ။       ။ ငါ့ကောင်ကြီး တက်သွားပြီကွ။
(ပြောတုန်းတန်းလန်းမှာပင် အုန်းပင်ပေါ်တက်နေသူမှာ ခြေချော် လက်ချော် ဖြစ်ပြီး ဖုတ်ခနဲ ပြုတ်ကြသွားသည်။)
ပထမလူ။       ။ မင့်အကောင်ကြီး ပြုတ်ကျသွားပြီ။
ဒုတိယလူ။      ။ (ဘာမှ ပြောခွင့်မရလိုက်)။
(ဤသို့ဖြင့် ရွှေပြည်တော်သည်ကား မျှော်တိုင်းဝေးလေဦးမည်)။
(မှတ်ချက်။      ။ ကြားဖူးနားဝရှိသည်ကို ပြန်လည်မျှဝေသည်)
သူ (သရက်)
Friday, February 27, 2015

Thursday, February 26, 2015

မသိ၍ မသိကြကုန်



“မသိ၍ မသိကြကုန်”
*****
အများယောင်လို့ ဟောင်
အမောင် တောင်မှန်းမသိ
ကြောင်မှန်းသိကြတော့
ပညာရှိဟလို့
အရှက်ခွေးချီခံရသလို
ခက်လိုက်ပါသကို ……… ။
                                                       သူ (သရက်)
                                                     ၂၆-၀၂-၂၀၁၅

Friday, February 13, 2015

ဗိုလ်ချုပ်ရာပြည့် အခမ်းအနား အမှတ်တရ စကား (တရား)

Article on Commemorative Speech for General Aung San's the Hundreth Annivesary

Wednesday, February 11, 2015

အင်တာဗျူး …. တဲ့

Article on Interview

အသိဥာဏ်နဲ့ယှဉ်တဲ့ နားလည်မှုကို ပေးနိုင် ယူနိုင်တာဟာ အမှန်တရားအတွက် အားသာချက်ပါ

တပ်ပျက်မှာ ဗိုလ်လုပ်ရတာထက်
ဗိုလ်ပျက်မှာ ဗိုလ်လုပ်ရတာနဲ့

နောက်လိုက်လုပ်ရတာ ပိုကြပ်တယ်။
ဖိအားဆိုတာ ပေးတိုင်းကောင်းတာမဟုတ်ဘူး
အားနည်းပါတယ်ဆိုတဲ့ ခွေးတောင် ချောင်ပိတ်ရိုက်ရင် ပြန်ကိုက်တတ်တယ်။

Sunday, February 8, 2015

အတ္တအတွက် ကမ္ဘာမြေကလမ်းတွေ အသင့်မဖြစ်သေးဘူး



“အတ္တအတွက် ကမ္ဘာမြေကလမ်းတွေ အသင့်မဖြစ်သေးဘူး”

နည်းပညာတွေကြားမှာ မြှုပ်နှံ
ရုပ်-နာမ်ကို အဖန်ဖန်ဖတ်
သဒ္ဒါတွေတတ်လွန်းတော့
ပညတ်တွေအပေါ် တပ်လွန်းနေတယ်။
ဟိတတွေမကွဲပြား
ဒါနတွေလမ်းသလားလို့
ကိုယ်ဆောက်တဲ့ မဏ္ဍာပ်တိုင် ကိုယ်တိုင်တက်ပြ
ဟန်ရေးပြကောင်းမှ လူရာဝင်တယ် ဖြစ်ပြန်ရော။
ငါ့မြင်းငါဆိုင်းထုံးနဲ့
ငါ့အတ္တပုံးကိုပြည့်အောင်ဖြည့်
ငါမှအမှန် ငါလုပ်တာစံ
ဟုတ်ချည်ပဲသေးပြန်တော့။
သြော် ….. လောက
ကိုယ့်လမ်းကိုယ်ပြင်နေတာကို
အများအကျိုးလို့
လောကစံတွေအမျိုးမျိုးနဲ့
ထပ်ထပ်တိုး ပိုးပြနေပြန်ရော ……. ။
                                                         သူ (သရက်)
                                                    Saturday, February 07, 2015

Friday, February 6, 2015

ပုံဂံကို ရောက်ခဲ့တယ် (E-Book စာစဉ်-၇)

I'Ve Ever Been to Bagan