အချိန်ရှိခိုက်၊ လုံ့လစိုက်၊ မမိုက်သင့်ပေ၊ ဒို့တစ်တွေ။

Tuesday, December 16, 2014

မျက်လွှာခတ်၍ သိမ်းရသော



မျက်လွှာခတ်၍ သိမ်းရသော
*****
စိမ်းလဲ့ကန်သာ
ရေဇလာသည်
ရော်ရွက်ငုပ်စဉ်
ရောင်ပြန်ထင်၍
ရာဟုခံတွင်း
သင်ဆင်းလသွင်
မကြည်လင်ဘူး။
ကျေးငှက်ပျံလွှား
တောပျော်များလည်း
ကိုယ့်ရိပ်မထင်
ကန်ရေပြင်ကြောင့်
သခင်ယိမ်းပါး
စိမ်းကားမှတ်ယူ
ဘ၀င်ပူ၏။
ဆောင်းနှောင်းနွေဦး
ရာသီထူးသည်
သောင်းပြောင်းထွေလာ
ဓမ္မတာမွှေ
ရိုက်ခတ်လေပြီ
ဥသြကျူးရင့်
လွမ်းသံစွက်၍
အိမ်ဝေးတို့ကို လှောင်လေသလား ……….။
                                                                   သူ (သရက်)
                                                             Thursday, November 07, 2013

2 comments:

Dhamma Latsaung said...

" ဆောင်းနှောင်းနွေဦး
ရာသီထူးသည်
သောင်းပြောင်းထွေလာ
ဓမ္မတာမွှေ
ရိုက်ခတ်လေပြီ
ဥသြကျူးရင့်
လွမ်းသံစွက်၍
အိမ်ဝေးတို့ကို လှောင်လေသလား ……….။"

အိမ်ကိုလွမ်းတဲ့ရသမြောက်တဲ့ကဗျာလေးပါပဲဘုရား...။

အရှင်ဘုရားအခုအိမ်ပြန်ရောက်နေပြီဆိုတော့
"ဥသြရင့်ကျူး
ပျော်သံမြူး၍
အိမ်ဝေးတို့ ကိုကြိုလေသလား...။"
အဲလိုခံစားရမယ်နဲ့ တူတယ်...။ :)

ရွှေပြည်တော်မှာပျော်ရွှင်ချမ်းမြေ့ပါစေဘုရား...

ရိုသေစွာဖြင့်

အရှင်ဥတ္တမာနန္ဒ (ပေရာဒေနိယတက္ကသိုလ်) said...

အခွင့်ခါကြုံ
ရွှေပြည်ဘုံသည်
သူစိမ်းမဆန်
မူဟန်မပြောင်း
ရိုးရာမပျက်
နှုတ်ခွန်းဆက်၏။
ငယ်သူ-စာသင်
ကြီးသူ-ဟောပြ
ဝေးရောက်စာရေး
လောကအေးရန်
နေ့ညမနား
ခရီးသွား၏။
မေတ္တာဖြင့်-

Post a Comment