အချိန်ရှိခိုက်၊ လုံ့လစိုက်၊ မမိုက်သင့်ပေ၊ ဒို့တစ်တွေ။

Tuesday, November 25, 2014

များများမလိုပါ



များများမလိုပါ
မမွှေးဘူး
မလှဘူး
ပန်းတစ်ပွင့်အဖြစ်
ကမ္ဘာမြေတစ်နေရာအတွက်
တင့်လည်းတင့်ပေါ့
မတင့်တော့လည်း
မမှိုက်တစ်စ
မတိုးရအောင်
ပြုမူပါစို့ ………. ။
                                                               အရှင်ဥတ္တမာနန္ဒ (ပေရာဒေနိယတက္ကသိုလ်)
                                                              Tuesday, November 25, 2014

6 comments:

Dhamma Latsaung said...

"မမွှေးဘူး
မလှဘူး
ပန်းတစ်ပွင့်အဖြစ်
ကမ္ဘာမြေတစ်နေရာအတွက်"......

ရိုးရိုးလေးနဲ့ အဓိပ္ပါယ်လှတဲ့ကဗျာလေးပါပဲဘုရား...။

မမွှေးရင်လည်းနေ
မလှရင်လည်းရှိပါစေလေ
ဘ၀ပေးပေါ့....

အရိပ်လည်းအေး
ဆေးဖက်ဝင်တဲ့
မဉ္ဇူသကပန်းတပွင့်လို
ဖြစ်ခွှင့်ရရင်
ဒီကမ္ဘာမြေအတွက်
ကျေနပ်တယ်လေ...။

အရှင်ဘုရားရဲ့ကဗျာလေးခံစားပြီးရေးကြည့်တာပါ... :)
ရိုသေစွာဖြင့်

အရှင်ဥတ္တမာနန္ဒ (ပေရာဒေနိယတက္ကသိုလ်) said...

ကောင်းပေစွ ..........။ လိုက်ဖက်ပါပေ၏။ ။
ဘ၀ဆိုတာ
နေတတ်ရင်
ကျေနပ်ချင်စရာတွေ။
စန္ဒာ-လမင်း
ရောင်ဝါလင်းမှ
လောကကိုဆောင်
ပြောင်ရာမရောက်။
ပိုးစုန်းပေါက်လည်း
သူ့စွမ်း-သူ့ချင်း
တိုင်းတာခင်း၏။ ။
မေတ္တာဖြင့်-

Dhamma Latsaung said...

"ကောင်းပေစွ ..........။ လိုက်ဖက်ပါပေ၏။ ။
ဘ၀ဆိုတာ
နေတတ်ရင်
ကျေနပ်ချင်စရာတွေ။
စန္ဒာ-လမင်း
ရောင်ဝါလင်းမှ
လောကကိုဆောင်
ပြောင်ရာမရောက်။
ပိုးစုန်းပေါက်လည်း
သူ့စွမ်း-သူ့ချင်း
တိုင်းတာခင်း၏။ ။"

*** *** *** ***

A great writer, Philosopher, Profound-thinker ဆိုတော့လည်း
စာချိုးလေးက ခန့် ညားလှပပါပေတယ်ဘုရား...။

ရိုသေစွာဖြင့်

အရှင်ဥတ္တမာနန္ဒ (ပေရာဒေနိယတက္ကသိုလ်) said...

ကျေးဇူးပါပဲ။ အလုပ်ကိုက မြတ်မြတ်နိုးနိုးနဲ့ စွဲစွဲမြဲမြဲ လုပ်ရမယ့်အလုပ်တွေထဲက တစ်ခု ဖြစ်နေတာပဲလေ။
မေတ္တာဖြင့်-

Dhamma Latsaung said...

တင်ပါ့ဘုရား...။
အရှင်ဘုရား မြတ်မြတ်နိုးနိုးနဲ့ စွဲစွဲမြဲမြဲလုပ်တဲ့ အလုပ်မှန်သမျှ
အောင်မြင်ခြင်းနဲ့ ပြည့်စုံပါစေလို့ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်ဘုရား...။

ရိုသေစွာဖြင့်

အရှင်ဥတ္တမာနန္ဒ (ပေရာဒေနိယတက္ကသိုလ်) said...

မေတ္တာများစွာအတွက် ကျေးဇူးများစွာ တင်ပါသည်။
ခင်မင်စွာဖြင့်-

Post a Comment