အချိန်ရှိခိုက်၊ လုံ့လစိုက်၊ မမိုက်သင့်ပေ၊ ဒို့တစ်တွေ။

Sunday, November 23, 2014

လူ၊ ပြဿနာနှင့် အဖြေ (အပိုင်း-၂)

Human, Its Issue and Its Solution-2

6 comments:

Dhamma Latsaung said...

လေးလေးနက်နက်တွေးခေါ်ရေးသားထားတဲ့
ရှားရှားပါပါး တန်ဘိုးရှိတဲ့ဆောင်းပါးပါပဲဘုရား...။
ရိုသေစွာဖြင့်

အရှင်ဥတ္တမာနန္ဒ (ပေရာဒေနိယတက္ကသိုလ်) said...

စာကောင်းတစ်ပုဒ်၊ မိတ်ကောင်းတစ်ရာ၊ ညီမျှရာ၏-ဟု ဆိုကြပါသည်။
ခင်မင်စွာဖြင့်-

Dhamma Latsaung said...

"စာကောင်းတစ်ပုဒ်၊ မိတ်ကောင်းတစ်ရာ၊ ညီမျှရာ၏-ဟု ဆိုကြပါသည်။"

အဲဒီအဆိုအရ ဆိုရင် အရှင်ဘုရားရေးသားတော်မူတဲ့
စာကောင်းပေကောင်းတွေ တပည့်တော် ဖတ်ထားတာအများကြီးဆိုတော့
တပည့်တော်မှာ မိတ်ကောင်းတွေ ထောင်နဲ့ ချီရှိထားပြီဘုရား...။ :)

ကျေးဇူးအနန္တပါ...
ရိုသေစွာဖြင့်

အရှင်ဥတ္တမာနန္ဒ (ပေရာဒေနိယတက္ကသိုလ်) said...

ကိုယ့်ကိုယ်ကိုယ်တော့ စာကောင်းပေမွန် ရေနိုင်တဲ့အဆင့်ကို ရောက်တယ်လို့ မခံစားမိသေးပါ။ ဘာပဲဖြစ်ဖြစ် ကျေးဇူးအထူးတင်ပါသည်။ စကားလက်ဆောင်တစ်ခု ပါးလိုက်ပါတယ်။ မကြာသေးခင်က ကွယ်လွန်သွားတဲ့ နိုင်ငံကျော် စာရေးဆရာကြီးတစ်ဦးက “ဦးရွှေအောင်”လို စာတစ်ကြောင်း ရေးနိုင်ရင် သေပျော်ပါပြီလို့ သူ့ကိုယ်သူ မှတ်ချက်ချဘူးပါတယ်။ ဒါကြောင့် ဖတ်သင့်စာအုပ်တွေထဲမှာ “ဦးရွှေအောင်”ရဲ့ စာအုပ်တွေဟာလည်း ထိပ်တန်းကနေ ပါဝင်ပါတယ်။ အချိန်ရပါက ရှာဖွေဖတ်ပါရန် အကြံပြုပါတယ်။
ခင်မင်စွာဖြင့်-

Dhamma Latsaung said...

တင်ပါ့ဘုရား...။
အရှင်ဘုရားရဲ့ အကြံပြုချက်နဲ့ စကားလက်ဆောင်လေးအတွက်ဝမ်းသာမိပါတယ်ဘုရား...။
တပည့်တော် ဆရာကြီးဦးရွှေအောင်ရဲ့ စာအုပ်တွေကိုဖတ်ဖူးပါတယ်ဘုရား။
တပည့်တော်အကြိုက်ဆုံး စာအုပ်နှစ်အုပ်ကတော့ "ဗုဒ္ဓသို့ မဟုတ် အနှိုင်းမဲ့"နဲ့ 
"ဗုဒ္ဓ" (လောကသားတို့ ၏ အနှိုင်းမဲ့ကျေးဇူးရှင်) ပါ။

*** *** *** ***

"ကိုယ့်ကိုယ်ကိုယ်တော့ စာကောင်းပေမွန် ရေးနိုင်တဲ့အဆင့်ကို ရောက်တယ်လို့ မခံစားမိသေးပါ။"

တပည့်တော်အမြင်မှာတော့ အရှင်ဘုရားက စာကောင်းပေမွန်ရေးနိုင်တဲ့အဆင့်တောင်
ကျော်သွားပါပြီဘုရား...။ :)

နိုင်ငံကျော် သို့ မဟုတ် ကမ္ဘာကျော်စာရေးဆရာမှမဟုတ်ပါဘူး...
လောကကောင်းကျိုးနဲ့ အများအကျိုးပြုတဲ့စာပေတွေကို
မြတ်မြတ်နိုးနိုးရေးသားနေတဲ့ဘယ်စာရေးဆရာမဆို
ကောင်းကင်မှာထွန်းလင်းတောက်ပနေတဲ့ကြယ်ကလေးတွေလို
သူ့ နေရာနဲ့ သူလင်းလက်လှပနေတာပါပဲလေ...။

ရိုသေစွာဖြင့်

အရှင်ဥတ္တမာနန္ဒ (ပေရာဒေနိယတက္ကသိုလ်) said...

ဦးရွှေအောင်စာအုပ်မျိုးကို မြတ်မြတ်နိုးနိုးဖတ်နိုင်ရင် ဖတ်ခွင့်ရရင် အတိုင်းထက်အလွန် ကောင်းပါပေ၏။ အားပေးစကား ပြောကြားပေးသည့်အတွက်လည်း စာရေးရတာ အားရှိလှ၏။
ကိုယ်-စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာပါစေ .....
မေတ္တာဖြင့်-

Post a Comment