အချိန်ရှိခိုက်၊ လုံ့လစိုက်၊ မမိုက်သင့်ပေ၊ ဒို့တစ်တွေ။

Tuesday, August 5, 2014

ကုဋေကိုးထောင် ကျော်တဲ့အောင်၊ ကျင့်ဆောင်ရဟန်း လွန်တင့်ဆန်း



“နေနတ်နီးတိုင်း၊ ဂနိုင်းမိုးနန်၊ ဟုန်ယာဉ်ဈာန်”
*****
တစ်သက်တာ ကြားလာ
သည်စာ သည်တစ်ခါရှာဖြင့်
တစ်ရက်တာလုံး စုံးစုံးပြုန်းရော့တယ်
နည်းပညာကယ် ကျေးဇူးရယ် မေ့ပါဘူး
မောင်ဘုန်းရယ် တွေ့ပြီမို့ ...........။
မေတ္တာဖြင့်-
                                                                  အရှင်ဥတ္တမာနန္ဒ (ပေရာဒေနိယတက္ကသိုလ်)
                                                            ၀၅/၀၈/၂၀၁၄
“နေနတ်နီးတိုင်း၊ ဂနိုင်းမိုးနန်၊ ဟုန်ယာဉ်ဈာန်” ဆိုသည်မှာ ပိဋကတ်သင်္ချာနည်းဖြင့် ကုဋေကိုးထောင်ကျော် (၉၁,၈၀၅,၀၃၆,၀၀၀)သော ရဟန်းတော်များ၏ ၀ိနည်းသိက္ခာပုဒ်များကို ဖွဲ့ဆိုထားခြင်းဖြစ်သည်။ ရဟန်းတော်များ စောင့်ထိန်းရသည့် ၀ိနည်းစည်းကမ်းများမှာ အကျဉ်းအားဖြင့် ၂၂၇-ချက်ရှိ၍ အကျယ်မှာ အထက်တွင်ပြသည့်အတိုင်း ကုဋေကိုးထောင်ကျော် ရှိပါသည်။ (ဘဒ္ဒန္တတိလောကသာရ၏ ဘာသာရေးပြဿနာများ ဖြေကြားချက် (၈၆)၊ ၂၀၀၁၊ အောက်တိုဘာလထုတ် “မြတ်မင်္ဂလာစာစောင်”ကို ကိုးကားသည်။)

7 comments:

Dhamma Latsaung said...

“နေနတ်နီးတိုင်း၊ ဂနိုင်းမိုးနန်၊ ဟုန်ယာဉ်ဈာန်”
ထူးဆန်းလိုက်တာနော်...တပည့်တော်အခုမှပဲကြားဖူးပါတယ်ဘုရား။

ကုဋ္ဋေရယ်တဲ့ကိုးထောင်ကျော်
သိက္ခာပုဒ်တော်တွေ ရှာပုံတော်ဖွင့်ပါလို့ 
တစ်ရက်ရယ်ကုန်ကာသွားလေတော့
နည်းပညာရယ်ကူကာပြလေပေါ့
စကားထာ ဟိုမှာလေ ရှာဖွေတွေ့ ပြီမို့ 
မောင်ဘုန်းရယ် ပျော်သကွဲ့ လေး......။ :)

ရိုသေစွာဖြင့်

အရှင်ဥတ္တမာနန္ဒ (ပေရာဒေနိယတက္ကသိုလ်) said...

ကုဋေကိုးထောင် ရဟန်းဘောင်လို့
ကြားဖူးတဲ့မောင် ရှင်ရောင်ပေါက်စက
အများနဲ့ဆောင် ကိုယ်လည်းယောင်ယောင်ပဲ
အခု၌ ကြောင်းဆိုက်လို့ ရှာမိတယ်
တောကြမ်း ရမ်းမိလို့ ပန်းပါပေါ့
သို့တိုင် ဇွဲကိုင် အကြောင်းဆိုင်လို့ တွေ့ရတယ်
ဘုန်းမောင့်ပျော်ပွဲ ............။
မေတ္တာဖြင့်-

Dhamma Latsaung said...

တောကြမ်းရမ်းမိလို့  ပန်းပါနဲ့ အရှင်ရယ်...
ရဟန်းဘ၀ဆိုတာရခဲလေသမို့ 
လာခြင်းကောင်းတဲ့ဒီဘ၀မှာ
ဇွဲနဲ့ သာဆက်ကျင့်လိုက်ပါ ကုဋေကိုးထောင်ကို
နိဗ္ဗာန်သို့ ရောက်မယ်တဲ့လေး......။

ရိုသေစွာဖြင့်




အရှင်ဥတ္တမာနန္ဒ (ပေရာဒေနိယတက္ကသိုလ်) said...

ကျေးဇူးတဲ့ကုဋေ ဆိုပါလေမိ
ဒီလမ်းလျှောက် ဒီစခန်းရောက်မှာပဲရယ်လို့
လာခြင်းကောင်းတဲ့ပြင်
ကံမြင်သာခဲသော်လည်း
ဥာဏ်ယှဉ်ကာလျှောက်ဦးမယ်
ဆုံးပန်းတိုင်ထိ ............... ။
မေတ္တာဖြင့်-

Dhamma Latsaung said...

ကောင်းမြတ်တဲ့မင်္ဂလာစကား
ကြားရတာဝမ်းသာလေမိ
ဆုံးပန်းတိုင်ရောက်ပါစေသား...
တောင်းဆုခြွေ၏......။

ရိုသေစွာဖြင့်


အရှင်ဥတ္တမာနန္ဒ (ပေရာဒေနိယတက္ကသိုလ်) said...

ကောင်းခြင်းတဲ့မသွေ
ကျက်သရေတွေပွား
ပန်းမွေ့ရာ ကတ္တီပါလမ်းကို
လှမ်းလျှောက်နိုင်စေသား .......... ။
မေတ္တာဖြင့်-

Dhamma Latsaung said...

အရှင်ပေးသော ဆုမြတ်တွေ
ပြည့်ပါစေ တပည့်တော်ထံပါး
ကျေးဇူးရယ်အနန္တတင်လို့ 
ရိုသေစွာဦးခိုက်ခဲ့တယ်
မြတ်သောအရှင့်သား......။

ရိုသေစွာဖြင့်

{ မြတ်သောအရှင့်သား = ဗုဒ္ဓ၏ မြင့်မြတ်သောသားတော် }

Post a Comment