အချိန်ရှိခိုက်၊ လုံ့လစိုက်၊ မမိုက်သင့်ပေ၊ ဒို့တစ်တွေ။

Wednesday, August 27, 2014

သတင်းကောင်း

ဗုဒ္ဓစာပေလာ ခေါင်းဆောင်မှုပညာနှင့် သဘောတရားများ 
စာအုပ် (E-Book) ကို ဖတ်ရှုရာတွင် ဖောင့်အဆင်မပြေသူများအတွက် ဒီဇိုင်းနာ၏ မေတ္တာဖြင့်ကူညီမှုကြောင့် Update-လုပ်ပြီး တင်ပေးလိုက်ပါပြီ။ မူလလင့်ခ်များတွင် သွားရောက်ဒေါင်းလုတ်ဆွဲတော်မူကြပါကုန်။

6 comments:

Dhamma Latsaung said...

အရှင်ဘုရား...
တပည့်တော် စာအုပ်လေးကို download သွားပါတယ်...။
ကျေးဇူးအနန္တများစွာတင်ရှိပါတယ်ဘုရား...။
တပည့်တော်ကအကြာကြီးစောင့်ရမယ်ထင်နေတာပါ...
အခုတော့သိပ်မစောင့်ရပဲ ဖတ်ခွှင့်ရလို့ အရမ်းပဲဝမ်းသာမိတယ်ပါဘုရား။ :)

အရှင်ဘုရားကိုယ်စိတ်နှစ်ပါးကျန်းမာချမ်းသာစွာဖြင့်
ဓမ္မစာပေများဆက်လက်၍အများကြီးရေးသားနိုင်ပါစေလို့ ဆန္ဒပြုရင်း...

အစဉ်ထာဝရရိုသေလေးစားစွာဖြင့်

အရှင်ဥတ္တမာနန္ဒ (ပေရာဒေနိယတက္ကသိုလ်) said...

စာဖတ်သူများထံမှ ဖတ်မရဘူးဆိုတာ သိရတာနဲ့ ဒီဇိုင်းနာဆီ အချိန်ရရင် E-Book ကို ဖော်မတ်အသစ်ပြန်လုပ်ပေးပါလို့ မေတ္တာရပ်ခံလိုက်တယ်။ သူလည်း အချိန်အဆင်ပြေတာနဲ့တူတယ် ချက်ချင်းဆိုသလိုပဲ ပြန်လုပ်ပေးပါတယ်။ “မြီ (သို့မဟုတ်) မပြီးဆုံးသော ရယူခြင်း”ဆိုတဲ့ စာအုပ်သစ်ကိုလည်း သူပဲဒီဇိုင်းချနေတာလေ။ မကြာခင် စာအုပ်အဖြစ် ထွက်ရှိလာဖို့ မျှော်လင့်ရပါတယ်။
ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေ .......................။

Dhamma Latsaung said...
This comment has been removed by the author.
Dhamma Latsaung said...

တင်ပါ့ဘုရား...။ "မိတ်ဆွေကောင်းရှိခြင်းဟာအရာအားလုံးပြီးမြောက်နိုင်တယ်"
လို့ ဗုဒ္ဓမြတ်စွာဘုရားရှင်က အရှင်အာနန္ဒာကိုမိန့် တော်မူခဲ့သလိုပေါ့...
အရှင်ဘုရားရဲ့ ဒီဇိုင်းနာက အရှင်ဘုရားမေတ္တာရပ်ခံတဲ့အတိုင်း Format အသစ်နဲ့ E-Book ကို
အမြန်ပြန်လုပ်ပေးတဲ့အတွက် ဒီကောင်းမူ့ နဲ့ တပည့်တော်တို့ စာဖတ်ပရိတ်သတ်များလည်း
အခုလိုဖတ်ခွှင့်ရတာလေ...။
ဒါဟာလည်းပဋ္ဌာန်းတရားတော်နဲ့ ကြည့်မယ်ဆိုရင် အပြန်အလှန်ကျေးဇူးပြုမူ့ နဲ့ 
အကြောင်းအကျိုးတွေရဲ့ဆက်နွယ်မူ့ လို့ ယူဆမိပါတယ်...။

အရှင်ဘုရားရဲ့ နောက်ထွက်မယ့် “မြီ (သို့မဟုတ်) မပြီးဆုံးသော ရယူခြင်း”ဆိုတဲ့
စာအုပ်လေးထွက်လာတဲ့အခါ ၀ယ်ယူအားပေးပါမယ်ဘုရား...။
( ၀ယ်မဖတ်ရင်လည်း E-Book အဖြစ်စောင့်ရမှာက
နှစ်ပေါင်းဘယ်လောက်ကြာမလဲမသိဘူးလေ... ) :)

အရှင်ဘုရားကိုယ်စိတ်နှစ်ပါးချမ်းမြေ့ပါစေ...
အစဉ်ထာဝရရိုသေလေးစားစွာဖြင့်

အရှင်ဥတ္တမာနန္ဒ (ပေရာဒေနိယတက္ကသိုလ်) said...

မှန်ပါ၏။ ဘုရားရှင်မိန့်တော်မူသကဲ့သို့ မိတ်ကောင်းဆွေကောင်းရှိခြင်းဟာ အရာရာကို ပြီးမြောက်စေနိုင်ပါ၏။ “မြီ”ဆိုတဲ့ စာအုပ်ကတော့ အခုမှပရုဖတ်ပြီးတာဆိုတော့ စာအုပ်ထွက်ဖို့နဲ့ E-Book-ဖြစ်လာဖို့ ကြာဦးမယ့်သဘောရှိပါ၏။ ကြားကာလတွင် အချိန်အဆင်ပြေပါက ကျန်ထွက်ရှိပြီး စာအုပ်များကို တင်ပေးသွားမည်ဟု ဆန္ဒရှိပါ၏။
ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေ ........... ။

Dhamma Latsaung said...

"ကြားကာလတွင် အချိန်အဆင်ပြေပါက ကျန်ထွက်ရှိပြီး စာအုပ်များကို
တင်ပေးသွားမည်ဟု ဆန္ဒရှိပါ၏။"

ကောင်းမြတ်တဲ့ဆန္ဒမွန်ပါဘုရား...။
အရှင်ဘုရားကျောင်းစာတွေကတဖက် အလုပ်တွေကတဖက်နဲ့ မအားတဲ့ကြားက
စာဖတ်ပရိတ်သတ်များအပေါ်ထားရှိတဲ့အရှင်ဘုရားရဲ့စေတနာမေတ္တာတွေကြီးမားလှပါတယ်ဘုရား...။
တပည့်တော်တို့ ကံကောင်းကြပါတယ်...။
ကျေးဇူးအနန္တပါ...။

အရှင်ဘုရားကိုယ်စိတ်နှစ်ပါးချမ်းမြေ့ပါစေ...
အစဉ်ထာဝရရိုသေလေးစားစွာဖြင့်


Post a Comment