အချိန်ရှိခိုက်၊ လုံ့လစိုက်၊ မမိုက်သင့်ပေ၊ ဒို့တစ်တွေ။

Wednesday, August 27, 2014

သတင်းကောင်း

ဗုဒ္ဓစာပေလာ ခေါင်းဆောင်မှုပညာနှင့် သဘောတရားများ 
စာအုပ် (E-Book) ကို ဖတ်ရှုရာတွင် ဖောင့်အဆင်မပြေသူများအတွက် ဒီဇိုင်းနာ၏ မေတ္တာဖြင့်ကူညီမှုကြောင့် Update-လုပ်ပြီး တင်ပေးလိုက်ပါပြီ။ မူလလင့်ခ်များတွင် သွားရောက်ဒေါင်းလုတ်ဆွဲတော်မူကြပါကုန်။

Wednesday, August 20, 2014

ပြိုင်တူတွန်းလျှင် ရွေ့နိုင်ပါသည်



ပြိုင်တူတွန်းလျှင် ရွေ့နိုင်ပါသည်
**********************
နှစ်စပိုင်းက မြန်မာပြည် ပြန်ဖြစ်ခဲ့တယ်။ နှစ်လကျော်ကြာနေခဲ့ပြီး ကလေးတွေ ပညာရေးအတွက်လည်း တစ်တပ်တစ်အား လုပ်ခဲ့တယ်။ အင်္ဂလိပ်စာနဲ့ ယဉ်ကျေးမှုသင်တန်းတွေ ဦးဆောင်ဖွင့်ဖြစ်ခဲ့ပြီး လေးဋ္ဌာနပေါင်းဆို ကျောင်းသားပေါင်း ထောင့်ငါးရာကျော်ကို သင်ကြားပေးခဲ့တယ်။ တခြားတခြား လုပ်ငန်းတွေလည်း လုပ်ဖြစ်ခဲ့ပေမယ့် ကလေးတွေအတွက် လုပ်ပေးနိုင်ခဲ့လို့ ပိုပြီး ၀မ်းသာမိတယ်။ ကလေးတွေဆိုတာ အနာဂတ်ရဲ့ ခေါင်းဆောင်တွေ တိုင်းပြည်ရဲ့ ရတနာတွေ မလား။ အနည်းဆုံးတော့ တိုင်းပြည်နဲ့ လူမျိုးအတွက် အုတ်တစ်ချပ် သဲတစ်ပွင့်တော့ ဖြစ်လာကြမှာပါ။ ဒီထက်ပိုပြောရရင် သက်ရှိသက်မဲ့ လောကကြီးတစ်ခုလုံးရဲ့ အကျိုးဆောင်တွေဖြစ်လာစေဖို့ မှန်ကန်တဲ့ပညာရေး မှန်ကန်တဲ့အချိန်တွေကို အသုံးချပြီး ဖြူစင်တဲ့ ဘာသာတရားရဲ့ အရိပ်အောက်မှာ နားခိုနိုင်အောင် အားထုတ်ခဲ့ကြတာပါ။
ကိုယ့်ကျောင်းမှာ နှစ်စဉ်နှစ်တိုင်း ယဉ်ကျေးမှုသင်တန်း ဖွင့်လာတာ ကြာပါပြီ။ ကျန်တဲ့နေရာတွေကတော့ သိပ်မကြာသေးပါဘူး။ ကလေးတွေအတွက် စဉ်ဆက်မပြတ်တဲ့ ပညာရေးဖြစ်သွားအောင် ဓမ္မစကူးလ်ဖွင့်သင်ကြားဖို့လည်း အုဋ္ဌ်မြစ်ချခဲ့ပါတယ်။ အခုတော့ မြင်တဲ့အတိုင်းပါ။ ကျောင်းက နာယကဆရာတော်များရဲ့ ဦးဆောင်မှုနဲ့ အပတ်စဉ် တနင်္ဂနွေနေ့တိုင်း ဓမ္မစကူးလ်သင်တန်းကို ဖွင့်လှစ်သင်ကြားနိုင်နေပါပြီ။ ပညာဒါန လုပ်အားပေးကြတဲ့ ဆရာ/မရာမတွေ သံဃာတော်တွေ အားလုံးကို ကျေးဇူးတင်ပါတယ်။ ကျောင်းသားပေါင်း သုံးရာဝန်းကျင်ရှိပြီး သင်ထောက်ကူပစ္စည်းများ အဟာရများ လှူဒါန်းကြတဲ့ ဒကာ/ဒကာမ အားလုံးတို့ရဲ့ စေတနာကောင်းတွေကလည်း လုပ်ငန်းအတွက် အားသစ်အင်သစ်တွေ ဖြစ်စေပါတယ်။
ကောင်းမှုကုသိုလ်များ ပျော်ရွှင်မှုများကို ကိုယ်စီကိုယ်ငှ ဖန်တီးရယူနိုင်ကြပါစေလို့ ဆန္ဒပြုပါတယ်။

မေတ္တာဖြင့်-
အရှင်ဥတ္တမာနန္ဒ (ပေရာဒေနိယတက္ကသိုလ်)
၂၀-၀၈-၂၀၁၂
(မကွေးတိုင်းဒေသကြီး၊ သရက်မြို့၊ ပြည်တော်အေးရပ်ကွက်၊ ရှစ်မျက်နှာ ပရိယတ္တိ စာသင်တိုက်မှ ဓမ္မစကူးလ် ပုံရိပ်များ)



Monday, August 18, 2014

ဗုဒ္ဓစာပေလာ ခေါင်းဆောင်မှုပညာနှင့် သဘောတရားများ (E-Book စာစဉ်-၅)

5th Leadership Priciples; A Buddhist Perspective

Sunday, August 17, 2014

The Analysis of the World of Experience in Early Buddhism

Theravada Abhidhamma Lecture No. 3

Saturday, August 16, 2014

What the Abhidhammā Is

Theravada Abhidhamma Lecture No. 2

Tuesday, August 12, 2014

အဖြူ သက်သက်



အဖြူ သက်သက်
မေတ္တာ-တဲ့
ခါးရာကချို
သကာလိုပ
မာကြောသံချောင်း
ပျော့ပျောင်းအလို
ဖော့ဖယောင်းဆို၏။
အဆိပ်-ဆေးထက်
မုန်း တေးဖြစ်၍
စည်းခြားဗလာ
ခြေရာမရှိ
အေးမြခြင်းသာ
ကဲထက်သာ၏။         
                                                                   အရှင်ဥတ္တမာနန္ဒ (ပေရာဒေနိယတက္ကသိုလ်)

                                                                Tuesday, August 12, 2014

Monday, August 11, 2014

An Introduction to Theravāda Abhidhammā

Theravada Abhidhamma Lecture No. 1

Friday, August 8, 2014

Samādhi As A Method Of Buddhist Psychotherapy

Buddhist Psychotherapy Lecture No. 2

Thursday, August 7, 2014

An Introduction to 'Nine Gems' of Mahayana

Mahayana Lecture No.2

Tuesday, August 5, 2014

ကုဋေကိုးထောင် ကျော်တဲ့အောင်၊ ကျင့်ဆောင်ရဟန်း လွန်တင့်ဆန်း



“နေနတ်နီးတိုင်း၊ ဂနိုင်းမိုးနန်၊ ဟုန်ယာဉ်ဈာန်”
*****
တစ်သက်တာ ကြားလာ
သည်စာ သည်တစ်ခါရှာဖြင့်
တစ်ရက်တာလုံး စုံးစုံးပြုန်းရော့တယ်
နည်းပညာကယ် ကျေးဇူးရယ် မေ့ပါဘူး
မောင်ဘုန်းရယ် တွေ့ပြီမို့ ...........။
မေတ္တာဖြင့်-
                                                                  အရှင်ဥတ္တမာနန္ဒ (ပေရာဒေနိယတက္ကသိုလ်)
                                                            ၀၅/၀၈/၂၀၁၄
“နေနတ်နီးတိုင်း၊ ဂနိုင်းမိုးနန်၊ ဟုန်ယာဉ်ဈာန်” ဆိုသည်မှာ ပိဋကတ်သင်္ချာနည်းဖြင့် ကုဋေကိုးထောင်ကျော် (၉၁,၈၀၅,၀၃၆,၀၀၀)သော ရဟန်းတော်များ၏ ၀ိနည်းသိက္ခာပုဒ်များကို ဖွဲ့ဆိုထားခြင်းဖြစ်သည်။ ရဟန်းတော်များ စောင့်ထိန်းရသည့် ၀ိနည်းစည်းကမ်းများမှာ အကျဉ်းအားဖြင့် ၂၂၇-ချက်ရှိ၍ အကျယ်မှာ အထက်တွင်ပြသည့်အတိုင်း ကုဋေကိုးထောင်ကျော် ရှိပါသည်။ (ဘဒ္ဒန္တတိလောကသာရ၏ ဘာသာရေးပြဿနာများ ဖြေကြားချက် (၈၆)၊ ၂၀၀၁၊ အောက်တိုဘာလထုတ် “မြတ်မင်္ဂလာစာစောင်”ကို ကိုးကားသည်။)

Monday, August 4, 2014

ဒီတောင်ဟာ အမြင့်ဆုံး ..... တဲ့

A Mountain That Should Be Climbed Up Slowly