အချိန်ရှိခိုက်၊ လုံ့လစိုက်၊ မမိုက်သင့်ပေ၊ ဒို့တစ်တွေ။

Monday, June 9, 2014

လမ်း



“လမ်း”
မွေးတစ်နေ့ 
 သေတစ်နေ့
တစ်နေ့စီပေမယ့်
တူတာတွေအများကြီး
မတူတာတွေလည်း ရထားတစ်စီး
သေခြာတာတစ်ခုက
အလာတုန်းကဗလာ
အပြန်မှာ ဉာဏ်မပါရင်
မယူနိုင်တာတွေ အကုန်ထားခဲ့ရမယ်။
မေတ္တာဖြင့်-
                                                                  အရှင်ဥတ္တမာနန္ဒ (ပေရာဒေနိယတက္ကသိုလ်)
                                                             Sunday, June 08, 2014
၃၁-နှစ်မြောက်မွေးနေ့ အမှတ်တရ။

3 comments:

Dhamma Latsaung said...

*~~~အပြန်လမ်း~~~*
ဒီဘ၀အပြန်မှာ
ဥာဏ်မပါရင်
သံသရာမှာ
ကံကြမ္မာဆိုးတွေနဲ့ ကြုံရလိမ့်မှာမို့ 
အဖန်တစ်ရာမကဆင်ခြင်
အသိဥာဏ်ပါတဲ့ကျင့်စဉ်တွေနဲ့ 
ဒီသံသရာဝဲဂရက်ရယ်က
ရုန်းထွက်စို့ လေး...။
(ဓမ္မလက်ဆောင်)
(တပည့်တော်ကဗျာမရေးတတ်ပေမယ့်
အရှင်ဘုရားရေးထားတဲ့ကဗျာလေးဖတ်ပြီး
မွေးနေ့ အမှတ်တရရေးခဲ့တာပါဘုရား...။)

*** *** *** *** ***

အရှင်ဘုရားရဲ့ ၃၁ နှစ်မြောက်မွေးနေ့ မှသည်
နောင်အနှစ်ပေါင်းမြောက်များစွာတိုင်
သာသနာတော်အကျိုး လောကကောင်းကျိုးများကို
ကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာစွာဖြင့်
ပျော်ရွှင်ချမ်းမြေ့စွာဆောင်ရွက်နိုင်ပါစေကြောင်း
ဆုမွန်ကောင်းတောင်းလိုက်ပါသည်ဘုရား...။
*~~~Happy Birthday~~~*

ရိုသေစွာဖြင့်

အရှင်ဥတ္တမာနန္ဒ (ပေရာဒေနိယတက္ကသိုလ်) said...

“ကဗျာမရေးတတ်သူ ……. သို့”
******************************
ကဗျာအညွန့်
စာမကွန့်နိုင်ဘု သူဆို
ရသငယ်ဆင်
ဒေါသစင်ပါလို့
ဂုဏ်-အလင်္ကာမြောက်အောင်
ထွက်မြောက်ရာလမ်းကိုပို့တယ်
က၀ိရှင် သြချမခန်း …………။
(ကဗျာလက်ဆောင်အတွက် ကျေးဇူးတင်ပါ၏။ မိတ်ဆွေတို့၏ လက်ဆောင်ဆိုသည်မှာ အသိမှတ်ပြုခြင်းဟု ဆိုကြ၏။ တန်ဖိုးမသတ်အပ်သော အရာလည်းဖြစ်၏။ သတ်မှတ်စရာ တန်ဖိုး မရှိသောကြောင့်ဟု ဆိုကြ၏)။
မေတ္တာဖြင့်-

Dhamma Latsaung said...

ဂုဏ်-အလင်္ကာမြောက်အောင်
ထွက်မြောက်ရာလမ်းကိုပို့တယ်
က၀ိရှင် သြချမခန်း …………။

*** *** *** *** ***

*~~~အနှိုင်းမဲ့အင်္လကာ~~~*
ပညာဖြင့်ထိုးထွင်း
သိမြင်နိုင်စွမ်းရှိသော
မွန်မြတ်သည့်နှလုံးသားဖြင့်
အရှင်၏ချီးမွမ်းစကားတို့ သည်ကား
အနန္တစင်္ကြာဝဋ္ဌာတို့ ထက်ပင်
အနှိုင်းမဲ့စွာကြီးမား
အံ့မခမ်းဖွယ်မြင့်မြတ်လှပေသည်တကား......။

(အရှင်ဘုရား၏ချီးမွမ်းအလင်္ကာလေးအားကျေးဇူးအနန္တတင်ရှိစွာဖြင့်...)
ရိုသေစွာဖြင့်

Post a Comment