အချိန်ရှိခိုက်၊ လုံ့လစိုက်၊ မမိုက်သင့်ပေ၊ ဒို့တစ်တွေ။

Friday, May 30, 2014

လည်ပြန်တန်ဖိုး



လည်ပြန်တန်ဖိုး

တိမ်တွေငိုတာ 
ကောင်းကင်ကြီးပေါ်ကို ပြန်တက်ခွင့်ရတယ်
လူတွေငိုတာ
မြေကြီးကို ပြန်မနိုးထစေနိုင်ဘူး
ကြွေလွင့်သွားတဲ့ ကြယ်တွေအတွက် ငိုနေမယ့်အစား
ရှင်သန်ခွင့်ရတဲ့ကြယ်တွေကို ရေတွက်လိုက်ပါလား။
                                          
သူ (သရက်)
                                           ၃၀-၀၅-၂၀၁၄

Sunday, May 25, 2014

ရှေ့သို့ချီလေ ပိုနစ်လေ



ရှေ့သို့ချီလေ ပိုနစ်လေ
ဘ၀ကြမ္မာ
ဇာတ်ဆရာသည်
အမူပိုပို
ငိုလိုက်ဆိုက
မနေ၀ံ့သာ
ငိုရပါ၏
အူလှိုက်သဲလှိုက်
ရီ(ရယ်)ခိုင်းလိုက်ပြန်
မနေသာပါ
သည်တစ်ခါလည်း
သက်ထားလိုကျ
မောခဲ့ရ၏။
အရူးအနှမ်း
ဇာတ်ဝင်ခန်းနှင့်
တော်ဝင်နန်းဟန်
နှစ်ပါးခံတို့
ချိန်ခါအလိုက်
ဟန်ချက်ကိုက်အောင်
သူစေတိုင်းသာ
က,ရပါ၏။
ရောင်ခြည်ထွင်းဖောက်
မိုးသောက်ရောက်လျှင်
အရာအားလုံး
ပြည်ဖုံးကားချ
ထားရစ်ရမည်
နဂိုဆီသို့
ပရိသတ်ပြန်
ကိုယ်လည်းပြန်တော့
ဦးနှောက်ဗလာ
လက်မှာဟောင်းလောင်း
အကောင်းတစ်နေ့
အပေါင်းလေ့နှင့်
မနက်ဖန်များစွာ
သံသရာကို
ဘယ့်နှယ်ဘယ်သို့ ဆက်မည်နည်း ……………။
မေတ္တာဖြင့်-
                                                                  အရှင်ဥတ္တမာနန္ဒ (ပေရာဒေနိယတက္ကသိုလ်)
                                           Wednesday, May 21, 2014

Wednesday, May 21, 2014

ဘုရားမျက်နှာကိုသာ ကြည့်မည့်သူများ

Article on Worshping to Rightiousness

Saturday, May 17, 2014

စံပြုထိုက်သော နှလုံးသား (PDF-စာစဉ်-၁)

Quitessential Heart by Rev. Uttamananda

Friday, May 16, 2014

ငါ….. ငိုနေတာ ….. မင်းအတွက်



ငါ …….. ငိုနေတာ ………….. မင်းအတွက်
ရာဇ၀င်တွေကို ထမ်းပိုးရင်း
ဧရာဝတီဟာ နွမ်းသထက် နွမ်းလာနေပြီ
သမိုင်းမဖတ် သမိုင်းမတတ်သူတွေနဲ့
စာမဖတ် စာမတတ်သူတွေကြား
ဧရာဝတီဟာ အားလျော့လျော့လာနေပေါ့
သက်ရွက်ကြွေတာကိုသိပြီး
သစ်ပင်လဲလို့ ကြွေမယ့်သစ်ရွက်တွေကို
မတွေး မမြင်သူတွေများ
ဧရာဝတီ ဗျာများနေတာ
လောကအတွက်
မင်းတို့အတွက်ပါ ……………. ကွယ်။
သူ (သရက်)
Friday, May 16, 2014

Tuesday, May 13, 2014

ကုသိုလ်တော် မှတ်တမ်း (၂၀၁၃-၁၄)

My Donation Lists (2013-14)

Sunday, May 11, 2014

ဗုဒ္ဓဘာသာနှင့် နိုင်ငံရေး စာအုပ် အင်တာဗျူး

Interview on Politics and Religion

Friday, May 9, 2014

ပုဂံကိုရောက်ခဲ့တယ် စာအုပ် အင်တာဗျူး

Interview on I'Ve Ever Been to Bagan