အချိန်ရှိခိုက်၊ လုံ့လစိုက်၊ မမိုက်သင့်ပေ၊ ဒို့တစ်တွေ။

Friday, July 26, 2013

တတိယရတနာ (သို့မဟုတ်) လောက၏ ပြည့်စုံခြင်း

The Third Gem or Perfection of the World

Tuesday, July 23, 2013

မြေကြီးရဲ့ လာရာနဲ့ လားရာ



မြေကြီးရဲ့လာရာနဲ့ လားရာ

۞۞۞۞۞

လက်ခုပ်သံတွေ
အစကတည်းက မကြားရတာ
အခုကြားရလည်း မထူးဘူး
တိုးလာလည်း မပြောင်းလဲဘူး
လက်ခုပ်သံတွေ
စဲလည်း ၀မ်းမနည်းဘူး
တိတ်သွားမှာကိုလည်း မပူပန်ဘူး
ငါဟာ အခုထိ မြေကြီးပေါ်မှာ ရပ်နေဆဲပဲ။
                                                                       သူ (သရက်)
                                                                      Monday, July 22, 2013

Monday, July 22, 2013

မှတပါး



“ …… မှတပါး”

۞۞۞۞۞

ကျန်ခဲ့တဲ့ခြေရာတွေဟာ
ချန်ခဲ့တဲ့ ခြေရာတွေ မဟုတ်တော့
သိမ်းဆည်းဖို့ သတိမရခဲ့ဘူး။
တစ်ခါတရံတော့လည်း
ပြန်ကောက်လို့ မရတဲ့ အတိတ်တွေကို ပြန်ကောက်ရင်း
မလုံမခြုံ သိမ်းထားဖို့ စဉ်းစားမိပြန်တယ်။
မစွန့်ပစ်ခဲ့မိတဲ့ အမှိုက်တွေကိုကြည့်ရင်း
နောင်တတွေ ခါခါရ
ကြည့်ရင်းတန်းလန်းနဲ့ပဲ အမှိုက်တောင်းဟာ ဖောင်းလာတယ်။
တစ်နေ့ ………
အဲဒီနေ့မှာ တို့ရောက်လာတယ်
သူတို့ပြောသလိုဆို
မျှော်လင့်ခြင်းတွေနဲ့ပေါ့။
အဲဒီတစ်နေ့လိုပဲ
ပြန်ရဦးမယ်
သူတို့ပြောခဲ့သလို
မျှော်လင့်ခြင်းတွေနဲ့ပဲလား
မီးစာခမ်းတော့မယ့် မီးတောက်လိုလား
သစ်ပင်ကို စွန့်သွားတဲ့ ငှက်ငယ်ရယ်
ပြီးတော့ ရွက်ဝါရယ်လေ
အရာအားလုံး ခပ်ဝါးဝါးထင့်။
အင်း …….
လာခဲ့ကြသလို ပြန်ရမှာလည်း အသေချာပဲ
ဗလာနဲ့ လာပေမယ့်
ပြန်စရာအတွက်တော့
တစ်သက်တာရှာကြံမိခဲ့ကြပြီမို့
တစ်ခုခုတော့ ပါမှာသေချာတယ်
သုံးမရတဲ့အမှိုက်တွေလား
မြင်ရာ မြင့်ရာ တင့်လာမယ့် ရတနာတွေလား ….. ။
                                                                                သူ (သရက်)
                                                                                Friday, July 19, 2013

Sunday, July 21, 2013

လမြတ်ဝါဆို

Article on Wazo a Noble Month

လရောင်ကောက်တဲ့ တောင်းပေါက်



“လရောင်ကောက်တဲ့ တောင်းပေါက်”

မေတ္တာပေမယ့်
သံစဉ်ချို့တဲ့လို့
ခါးသဲ့သဲ့။
အကြင်နာတွေတဲ့
ပညာတွေမဲ့လို့
အဆိပ်ဆူးထက်
ပျားရည်စက်။
ပညာကောင်းပေမယ့်
အကျင့်ဗွေဖောက်
စာတောင်းမှောက်။
သြော် ….
“အပြောမတတ်
ဆဲရာရောက်
ချီးမွမ်းမတတ်
ကဲ့ရဲ့ရောက်”ဆို မလား။
                                             သူ (သရက်)
                                          Sunday, July 14, 2013

Saturday, July 20, 2013

မင်းမြင်တဲ့အလှကို သူမြင်လည်းလှ ငါမြင်လည်း လှစေဖို့



“မင်းမြင်တဲ့အလှကို သူမြင်လည်းလှ ငါမြင်လည်း လှစေဖို့
**************************************

လူတိုင်းမှာ ရင်ဖွင့်စရာတွေရှိပေမယ့် မသင့်တော်လို့ မြို့သိပ်နေကြရတယ်။
ဒါကိုပဲ .........အခွင့်ရေး ချိုးဖောက်တယ်လို့ ပြောချင်ကြတာလား။
လူတိုင်းမှာ ပြောချင်တာတွေကြိတ်မှိတ် ပြောသင့်တာတွေကိုသာ အများမကြိုက်လည်း ပြောသင့်လို့ ပြောပေးနေရတယ်။
ဒါကိုပဲ .........အခွင့်ရေး ချိုးဖောက်တယ်လို့ ပြောချင်ကြတာလား။
လူတိုင်းမှာ လုပ်ချင်တာတွေ ချွေးသိပ်ပြီး မလုပ်ချင်တာတွေဖြစ်ပေမဲ့ လုပ်သင့်လို့ လုပ်နေကြရတယ်။
ဒါကိုပဲ .......အခွင့်ရေး ချိုးဖောက်တယ်လို့ ပြောချင်တာလား။
အဲဒီလို (............) ကွက်လပ်ထားတာကို ........အခွင့်ရေး ချိုးဖောက်တယ်လို့ ပြောချင်ကြတာလား။
လောကကို အနှောက်ယှက်မပေးသရွေ့
လောကကို မဖျက်စီးသရွေ့
အမှန်တရားကို သစ္စာမဖောက်သရွေ့
စစ်မှန်တဲ့ ငြိမ်းချမ်းရေးကို မျက်ကွယ်မပြုသရွေ့
ကွဲလွဲမှုတိုင်းဟာ
ခြားနားမှုတိုင်းဟာ
အနိမ့် အမြင့်တိုင်းဟာ
အရောင်သွေးစုံလင်စွာနဲ့
လောကကို အလှဆင်နေမှာပါ။
မင်း ငါ သူ မတူရှိနေတာကိုက
ပြီးပြည့်စုံတဲ့ အလှတစ်ခုပါ။
အတွေးတစ်ခုတိုင်းဟာ
အပြောတစ်ခွန်းတိုင်းဟာ
ခြေတစ်လှမ်းတိုင်းဟာ
ကမ္ဘာတစ်ခု ခြားမသွားဘူးဆိုရင်
အမြင်တွေကွဲမသွားဘူးဆိုရင်
နှစ်လုံးသားတစ်ခြမ်း ကွဲမသွားဘူးဆိုရင်
ပါးစပ်ပြည့်ရုံ ဟန်ဆောင်ပြောပြော
ရင်ထဲကပဲ ဆိုဆို
အမှန်တကယ်လိုနတဲ့ ငြိမ်းချမ်းမှုကို
မတောင်းလည်းရ တောင်းလည်းရနေမှာပါ။
လောကကိုအလှဆင်ဖို့
ငြိမ်းချမ်းမှု လူတိုင်းရင်ဖို့
အနီးဆုံးက စ,ရမယ်
တဖြေးဖြေးနဲ့ ဝေးနိုင်သမျှ ဝေးအောင်
ကျယ်နိုင်သမျှ ကျယ်အောင်ပေါ့။
ကဲ ..............
လုပ်နိုင်သမျှနဲ့ပဲ စ, ကြတာပေါ့။
                                                                  အရှင်ဥတ္တမာနန္ဒ (ပေရာဒေနိယတက္ကသိုလ်)

                                                                  Thursday, July 11, 2013

Friday, July 19, 2013

၇-ရက်တရားစခန်း မှတ်တမ်း



၂၀၁၃-ခုနှစ်
ချမ်းမြဂုဏ်ရည် မဟာစည်သာသနာ့ရိပ်သာ စတုတ္ထအကြိမ်မြောက် ၇-ရက်တရားစခန်း
ရှစ်မျက်နှာ ပရိယတ္တိ စာသင်တိုက်
သရက်မြို့၊ မကွေးတိုင်းဒေသကြီး
*****
(တရားစခန်းသိမ်းပွဲ နာယကဆရာတော်များ၊ ကမ္မဋ္ဌာနစရိယဆရာတော်နှင့် ဓမ္မကထိက ဆရာတော်များ အမှတ်တရ။)