အချိန်ရှိခိုက်၊ လုံ့လစိုက်၊ မမိုက်သင့်ပေ၊ ဒို့တစ်တွေ။

Sunday, May 19, 2013

အဖေ့စေတနာ

အဖေ့စေတနာ
          ရွာတစ်ရွာတွင် ဦးလှတို့မိသားစုနေထိုင်သည်။ သားအမိသားအဖ သုံးယောက်ရှိသည်။ သားဖြစ်သူမှာ ခုနှစ်နှစ် ရှစ်နှစ်ခန့်ရှိသည်။ တောဓလေ့အတိုင်း သားဖြစ်သူကို နာမည်မခေါ်ဘဲ “မောင်”လို့သာ မိဘများက ခေါ်လေ့ရှိသည်။
          ထမင်းဝိုင်းတွင် သားဖြစ်သူကို ဦးလှပြောလေ့ရှိသည့် စကားတစ်ခွန်းရှိသည်။ ယင်းမှာ “မောင်……. ချွေစားကွ”ဟူ၍ ဖြစ်သည်။ နေ့တိုင်းတော့ မပြောပါ။ ဟင်းကောင်းကျွေးကောင်း ရှိသည့် အခါများတွင်သာ ဖြစ်သည်။ ထိုအခါများဆိုလျှင် ထမင်းမ၀မချင်း “မောင်…… ချွေစားကွ” ဆိုသည့်စကားကို ထပ်ခါတလဲလဲ ပြောလေသည်။
          တစ်ခါတွင် အနီးနားရွာအလှူတစ်ခုမှ ဦးလှတို့ မိသားစုကို ဖိတ်သည်။ အလှူပွဲကို သားအဖနှစ်ယောက်သွားကြသည်။ ချမ်းသာကြွယ်ဝသူများလုပ်သည့် အလှူပွဲဖြစ်သောကြောင့် စားကောင်းသောက်ဖွယ်များ အလျှံပယ်ရှိတော့သည်။
          ဦးလှမှာ သားဖြစ်သူ့ထမင်းပန်းကန်ထဲကို ခဏခဏ ဟင်းတွေခပ်ထပ်ရင်း ပါးစပ်ကလည်း တတွတ်တွတ်ပြောလေသည်။ “စားပါဟဲ့…….. မောင်ရဲ့၊ စားပါဟဲ့…….. မောင်ရဲ့” ဟူသတည်း။
          သားဖြစ်သူမှာ ကြားဖန်များတော့ နားကြားပြင်းကတ်လာဟန်တူ၏။ အဖေဖြစ်သူကို ပြန်ပြောလိုက်သောစကားကြောင့် ထမင်းဝိုင်းရှိ အခြားရွာမှ ဧည့်သည်များမှာ ဟားတိုက် ရယ်မောကြပြီး ဦးလှလည်း လူကြီးရှက်တော့ရယ်ဆိုသလို လိုက်ရယ်လေ၏။
          သားဖြစ်သူ ပြောသောစကားမှာ “အဖေကလည်းဗျာ………. အိမ်မှာကျတော့ ချွေစား ချွေစားနဲ့၊ မစားနိုင်တော့ဘူးဗျ” ဟူသတည်း။
မိုး (အထက်မင်းလှ)
Monday, May 20, 2013

0 comments:

Post a Comment