အချိန်ရှိခိုက်၊ လုံ့လစိုက်၊ မမိုက်သင့်ပေ၊ ဒို့တစ်တွေ။

Monday, November 26, 2012

ပြောင်းလဲချိန်

 

ပြောင်းလဲချိန်

တစ်ချိန်က
ငါဟာ ဆူညံခြင်းတွေစားသုံး
အနှစ်ခြိုက်ဆုံးပေါ့….။
အခုတော့
ငါဟာ ဆိတ်ငြိမ်မှုကိုတမ်းတ
အိပ်စက်နေတဲ့ ပတ်ဝန်းကျင်ကိုသဘောကျ။
ငါလေ…..
ဆူညံခြင်းရဲ့အလှကို အသိမှတ်ပြုခဲ့ပြီး
တိတ်ဆိတ်ခြင်းရဲ့ တန်ဖိုး
အနှိုင်းမဲ့ရသမျိုးကို တစိမ့်စိမ့်ငုံထားမိ
နားလည်မှုသင်ပုန်းကြီးကို
အကြိမ်ကြိမ်လွေးရင်း ခံတွင်းတွေ့နေတယ်………။
သူ (သရက်)
Monday, November 26, 2012

0 comments:

Post a Comment