အချိန်ရှိခိုက်၊ လုံ့လစိုက်၊ မမိုက်သင့်ပေ၊ ဒို့တစ်တွေ။

Monday, September 17, 2012

ဆွေးနွေးအဖြေရှာ နေ့စဉ်ပြဿနာ

ဆွေးနွေးအဖြေရှာ နေ့စဉ်ပြဿနာ

  “ကိုမျိုးနိုင့်ပုံက ဘုန်းကြီးတွေနဲ့ စကားပြောရတာ သိပ်ကိုအဆင်မပြေလှဘူး။ ဟုတ်ဟုတ် မဟုတ်ဟုတ် “တင်ပါ့”ချည်းပြောနေရတာလို့များ တွေးနေသလားဗျ။
***************
တစ်နေ့ ……..
          ကိုမျိုးနိုင်ကျောင်းရောက်လာသည်။ ဘုရားဝတ်ဖြည့်ပြီးနောက်
“ဦးဇင်း အလုပ်ရှုပ်နေလား ဘုရား၊ ကျန်မားရေးရောကောင်းလား ဘုရား၊ ကျောင်းမရောက်တာကြာလို့ ဒီနေ့အလုပ်အားတာနဲ့ ကျောင်းကိုခဏ လာခဲ့တာဘုရား။”
          “အင်း …. ကောင်းပါတယ်၊ အလုပ်ကတော့ အထူးထွေမရှိပါဘူး စာလေးနည်းနည်းပါးပါး ရေးနေတာပါ”လို့ အလိုက်သင့် ပြန်ဖြေပေးလိုက်သည်။
          “အရှင်ဘုရားတို့ နိုင်ငံရပ်ခြားမှာ စာပေသင်ယူကြတာ အဆင်ပြေရဲ့လားဘုရား။ နေရေး စားရေး အားလုံးပေါ့။”
          “ပြေပါတယ်။ သိပ်အခက်ခဲမရှိလှပါဘူး။” ကိုမျိုးနိုင်သိတဲ့အတိုင်းပဲလေ အဆင်ပြေတယ် မပြေဘူးဆိုတာက ကိုယ်နဲ့ပဲအဓိကဆိုင်တာမလား။”
          “တင်ပါ ဟုတ်မှာပါဘုရား။ ဒါပေမဲ့ ……”
          “ကဲ ….. ဆိုပါဦး၊ ဒါပေမဲ့ဆိုတော့ ပြောစရာရှိတယ်ပေါ့ ဟုတ်လား။”
          “မှန်ပါ။ တပည့်တော်တို့မှာတော့ အဆင်မပြေဘူးဘုရား။”
          “ဟုတ်လား၊ ဆက်ပါဦး။”
          “တပည့်တော်တို့ဋ္ဌာနကို အရင်လကမှ အသစ်ရောက်လာတဲ့ အရာရှိနဲ့အဆင်မပြေဘူး ဘုရား။ သူက ဒေါက်တာဘွဲ့ရထားတယ်လေဘုရား။ အသက်ကလည်းငယ် ရာထူးကလည်းကြီးတော့ အတော်မောက်မာတာဘုရား။ အမိန့်ပေးတဲ့လေသံနဲ့ အထက်စီးကကြီး ပြောတယ်ဘုရား။ ထစ်ခနဲဆို မာန်မဲတော့တာပဲ။ အဲဒါ တပည့်တော်တို့အားလုံး စိတ်ဆင်းရဲနေကြရတာပေါ့။”
          “ဆိုတော့ ….. ကိုမျိုးနိုင်ပြောချင်တာက အခုအဆင်မပြေတာက ကိုယ်နဲ့မဆိုင်ဘူးလို့ ပြောချင်တာလား ဒါမှမဟုတ် မဆီမဆိုင် လက်ပံသားဓားနဲ့ချိုင်ဆိုသလို ကိုယ်ကခံနေရတယ်လို့ ဆိုလိုတာလား။”

Sunday, September 9, 2012

ရနံ့သင်းမြ အဆင်းလှစေ


“ရနံ့သင်းမြ အဆင်းလှစေ”

သကျနွယ်ဖွား
ထေရ်-ရှင်-များတို့
သီလ-ပညာ
ခက်မဖြာ၍
တွန်းအားသဒ္ဓါ
ဖြောင့်စင်းပါသော်
ပြုမူပြောတိုင်း
ကြံစည်တိုင်းသည်
ပွင့်လင်း-သာသနာ
သုံးရပ်ဋ္ဌာ၌
တုနှိုင်းမရ
ကျိုးပြီးရ၏။
သုံးသွယ်-စေတနာ
ရိုးဖြောင့်စွာဖြင့်
ပစ္စည်းလေးဖြာ
လို-အပ်ရာတွေး
ပညာရှေးရှူ
ထောက်ပံ့သူလည်း
သဒ္ဓါပွားရ
လွန်မြတ်လှ၏။
                                                                 အရှင်ဥတ္တမာနန္ဒ (ပေရာဒေနိယတက္ကသိုလ်)
                                                             Wednesday, September 05, 2012

Tuesday, September 4, 2012

တောင်စုံငှက်ငယ် သောကကြွယ်

တောင်စုံငှက်ငယ် သောကကြွယ်

တာဝန်-၀တ္တရား
ခရီးကြား၌
အမေမျှော်လျှက်
အပြန်ခက်၏။
                               သူ (သရက်)
                            Tuesday, September 04, 2012

Saturday, September 1, 2012

ဦးတည်ချက်အလွဲများ


“ဦးတည်ချက်အလွဲများ”

တို့တစ်တွေဟာ …
ဆန္ဒတွေကို စားသုံးပြီး
 ရှင်သန်နေကြသူချင်းမို့
အရာရာကို ခွင့်လွှတ်ပြီး
ကျေနပ်ကြည်ဖြူဖို့
အဲဒီဆန္ဒတွေကို
မျိုးစေ့ထပ်ချစရာမလိုတော့ပါဘူး
ထာဝရရှင်သန်နေပြီး
ဝေဆာနေဆဲပါ။
တစ်ခါတစ်ရံမှာ
မထွေးမအန်နိုင်တဲ့
ဆန္ဒတွေကို မျိုသိပ်ခဲ့ဘူးပါရဲ့
ဒါပေမယ့်
လိုအပ်ချက်တွေနဲ့ အထီးကျန်ဘ၀မယ်
မင်းဟာ
ငါ့အတွက် အဖြည့်ခံမဟုတ်ပါဘူးကွယ်
ကြင်သူမို့ ကြည်ဖြူတယ်
ပျော်မယ်ဆို ထားရစ်ခဲ့လေ …….။
                                                      သူ (သရက်)
                                                       Saturday, July 07, 2012