အချိန်ရှိခိုက်၊ လုံ့လစိုက်၊ မမိုက်သင့်ပေ၊ ဒို့တစ်တွေ။

Tuesday, August 14, 2012

လွတ်လပ်စွာ ကြေကွဲခွင့်ရှိသူတွေမို့


“လွတ်လပ်စွာ ကြေကွဲခွင့် ရှိသူတွေမို့”

တိမ်တွေကိုစီးရင်း
လေနှင်ရာသွားလိုက်ချင်တယ်
စီးဆင်းနေတဲ့ရေတွေရယ်
တောင်ပြာပြာတွေရယ်
တေးသီငှက်တွေရယ်
ငါ့ကို အပြေးအလွှား နှုတ်ဆက်လို့
ခေတ္တနားပါဦးလား ဧည့်ဝတ်ဆို
အိမ်ရှင်သူက
ငါ့နှလုံးသားကိုဖတ်ဖို့
ကဗျာတွေ မသင်ရသေးတာကို
ငါ … အပြစ်မဆိုတော့ပါဘူးလေ………။
သူ (သရက်)
Tuesday, August 14, 2012

0 comments:

Post a Comment