အချိန်ရှိခိုက်၊ လုံ့လစိုက်၊ မမိုက်သင့်ပေ၊ ဒို့တစ်တွေ။

Friday, July 27, 2012

ရိုးသားတဲ့တစ်နေ့ကို ပြန်လည်မွေးဖွားခြင်း


“ရိုးသားတဲ့နေ့ကို ပြန်လည်မွေးဖွားခြင်း”

အလှည့်ကျ ပြန်လိုက်နေရအောင်
စိန်ပြေးတတမ်းကစားခဲ့တုန်းကလို
ရိုးသားဖူးတဲ့ ကလေးတွေမှ မဟုတ်တော့တာ
အမုန်းတရားတွေကို
သင်ပုန်းချေလောက်အောင်လည်း
သဘောထားမပြည့်
နားလည်ပေးနိုင်ဖို့ အာဃာတတွေမကျေ
ခွင့်လွှတ်ခြင်းတွေကို ခ၀ါချ
မာနတွေကို ပန်ဆင်
ဟန်ဆောင်ခြင်းဝတ်ရုံကို ထည်လဲဝတ်
ရင့်ကျက်တဲ့အသွင်နဲ့
ကြေမွလွယ်လိုက်တာ
လောကပေးတဲ့ တာဝန်ကိုပဲထမ်းဆောင်နေသလို
လောကကြီးကိုပဲ အကျိုးပြုနေသလို
တကယ်တမ်းမှာ
ကိုယ့်ဝန်ကိုတောင် မဆောင်နိုင်တော့တာကို
သိရမယ့်တစ်နေ့
သိလာမယ့် တစ်ချိန်လောက်တော့
မွေးဖွားပေးပါဦး…………။
                                                   သူ (သရက်)
                                                  Friday, July 27, 2012

0 comments:

Post a Comment