အချိန်ရှိခိုက်၊ လုံ့လစိုက်၊ မမိုက်သင့်ပေ၊ ဒို့တစ်တွေ။

Thursday, July 19, 2012

ဖိနပ်တစ်ရံရဲ့ မှတ်တမ်း


“ဖိနပ်တစ်ရံရဲ့ မှတ်တမ်း”
အင်အားအပြည့်နဲ့
တလက်လက်တောက်နေတဲ့
မျှော်လင့်ချက်မျက်ဝန်းတစ်စုံကိုမွေးဖွား
ဓူဝံကြယ်ကို ဆွတ်ယူဖို့
ခြေဖျားထောက်နေတဲ့ငါ
အဖိုးတန်ခြေနင်းကို
အနောင့်ကျအောင် မစီးချင်သလို
မြေပေါ်မှောက်လျက်လဲနေတာကို
လေပေါ်လျောက်လျက်ပဲထင်နေဆဲ
အမေကတော့
တံချူကိုကိုင်ပြီး
နောက်ဖေးဈေးဆိုင်မှာ မော့ကာမော့ကာနဲ့
ငါ့သား မစီးဘူးတဲ့
အနောင့်ပြတ် ဖိနပ်နဲ့ပါကွယ်
ကမ္ဘာ့အညံ့ဆုံးဖြစ်ပေမယ့်
အဖြူစင်ဆုံးဆိုတန်ကောင်းရဲ့
ဟင်းတစ်ခွက်အတွက်
ညဥ့်တွေလည်းနက်ခဲ့ပြီ
ငါ့သားမက်ခဲ့တဲ့
မိုးစွန်တမွတ်ဆိုတာ
အမေ့စားတော်ပွဲက
အထီးကျန် ဟင်းခွက်ထဲမှာများလို့
တွေမိနေမလား
ခင်ပြင်းပြင်းရှိုက်ထုတ်လိုက်တဲ့
ဖက်ကြမ်းလိပ် အငွေ့တွေကြား
အမေဟာ
နားမလည်ခြင်းတွေကို
ခွင့်လွှတ်ခြင်းတွေနဲ့အတူ စားသုံးနေလေရဲ့……….။
သူ (သရက်)
Thursday, July 19, 2012

1 comments:

Unknown said...

Hi!Great and interesting blog you have:) Come and visit my site too. http://ads.com.mm/?cid=4fd60e65e4b0fa6db841e338&utm_campaign=ads_mm_lb_blog_martaste&utm_source=ads_lb_blog&utm_medium=lb_blog

Post a Comment