အချိန်ရှိခိုက်၊ လုံ့လစိုက်၊ မမိုက်သင့်ပေ၊ ဒို့တစ်တွေ။

Wednesday, June 20, 2012

ရောက်လာမယ့်တစ်နေ့ဟာ ပျောက်ကွယ်တဲ့နေ့ဆိုရင်


“ရောက်လာမယ့်တစ်နေ့ဟာ ပျောက်ကွယ်တဲ့နေ့ဆိုရင်”
အားလုံးအတွက်
တစ်နေ့ဆိုတာ ရောက်လာမှာပါ
အဲဒီနေ့မှာ
အသင့်မဖြစ်သေးဘူးဆိုတာကို ဂရုမစိုက်သလို
အသင့်ဖြစ်နေရင်လည်း မမှုပါဘူး
ချစ်နေသူတွေလည်းထားခဲ့
မုန်းသူတွေကိုလည်း ချန်ရစ်ခဲ့
ပိုင်ဆိုင်တာတွေအားလုံး
ဂုဏ်သတင်းတွေ
ကျော်ကြားမှုတွေ
နောက်ဆုံး ငါလို့ထင်နေတာတွေ
အားလုံးကို ချန်ရစ်ခဲ့ရမယ်
မာနတွေလား
အတ္တတွေလား
ဘာပဲဖြစ်ဖြစ်
ဆုပ်ကိုင်ထားလို့မရဘူး
တစ်ပါတည်းယူသွားချင်လို့မရဘူး
နေ၀င်ပေါင်းများလှပြီ
ဒီနေ့ နေ၀င်လေမလားလို့ သံယတွေနဲ့ပဲရှိသေးတယ်
တစ်နေ့ပေါ့
မျှော်လင့်မထားပါဘူး
ဒါပေမယ့်…………ရောက်လာမှာပါ။
သွားပေဦးတော့……..
လမ်းကြုံရင်ဝင်ခဲ့ဦးလေ
ကံဆုံရင်တော့တွေ့ဦးမှာပေါ့
ထားရစ်ခဲ့တဲ့အတိုင်းပဲ
အပြုံးမပျက်တဲ့အမူရာနဲ့
လောကကြီးက သမိုင်းတွေဖတ်နေတယ်…………။
သူ (သရက်)
Wednesday, June 20, 2012

0 comments:

Post a Comment