အချိန်ရှိခိုက်၊ လုံ့လစိုက်၊ မမိုက်သင့်ပေ၊ ဒို့တစ်တွေ။

Wednesday, March 28, 2012

တန်ဖိုးကို ဘယ်လိုသတ်မှတ်မလဲ

တန်ဖိုးကို ဘယ်လိုသတ်မှတ်မလဲ
          သိမှတ်ခဲ့ဘူးသည့် အဖြစ်ပျက်လေး တစ်ခုရှိ သည်။ မိဘများ ဆုံးပါးသွားကြသည့် ညီအမစ်ယောက်ရှိသည်။ အမဖြစ်သူမှာ အသက် ဆယ့်ရှစ်နှစ် ၀န်းကျင်ခန့်ရှိပြီး ၀င်ငွေအလွန်နည်း လှသည့် စတိုးဆိုင်လေးတစ်ဆိုင်တွင် အလုပ်, လုပ်ရသည်။ ညီမဖြစ်သူမှာ အသက်ငါးနှစ်ကျော်ခန့် သာရှိသေး၍ အမဖြစ်သူအလုပ်သွားတိုင်း အထီး ကျန်ခြင်းကိုပင် အဖော်ပြုကာ အမြဲလို အိမ်မှာ ကျန်ရစ်ခဲ့လေ့ရှိသည်။
          ထမင်းနပ်မှန်အောင်ပင် ရုံးကန်နေရသော အမဖြစ်သူမှာ ညီမဖြစ်သူကို မုန့်ဖိုးပေးနိုင်သည်ဟူ၍ မရှိသလောက်ပင်။ သို့ရာတွင် ခရစ်၊စ၊မတ် ကာလရောက်တိုင်း မုန့်ဖိုးအဖြစ် အကြွေစေ့ အနည်းငယ်ကိုတော့ ပေးဖြစ်အောင်ပေးလေသည်။ ဤငွေပမာဏကိုပင် သူမဥာဏ်ရှိပြီး အသုံးစေ့စပ်လွန်းသောကြောင့်သာ ပေးနိုင်ခြင်းဖြစ်သည်။
 တစ်ခုသော ခရစ်၊စ၊မတ်ရာသီတွင်ဖြစ်သည်။ အသက် ငါးနှစ်ကျော် ခန့်သာ ရှိသော ကောင်မလေးတစ်ယောက်သည် အလွန်တန်ဖိုးကြီး လှ သည့်  ရှေးဟောင်း ပစ္စည်းများ ကိုသာ ရောင်းချသော ဆိုင်တစ်ဆိုင်သို့ ရောက်လာသည်။ ဆိုင်ထဲတွင် လူရှင်း ချိန်ဖြစ်၍ ဆိုင်ရှင်အဖိုးကြီး တစ်ဦးသာ ရှိနေသည်။
          ဆိုင်ထဲရောက်လာသည့် ကောင်းမလေးသည့် ပစ္စည်းများကို တစ်ခုပြီးတစ်ခု လိုက်ကြည့်ရင်း အကောင်းဆုံး အလှဆုံးဟု မိမိစိတ်တွင် သတ်မှတ်လိုကသည့် ပစ္စည်းတစ်ခုကို ကောက်ယူလိုက်သည်။ ထိုနောက် ဆိုင်ရှင်အဖိုးကြီးကို ပြောလိုက်သည်။ “ကျမ ဒီဟာကို လိုချင်တယ်၊ ကျမမှာ ရှိတာ အကုန်ပေးမယ်”။ ပြောပြောဆိုဆိုဖြင့် ကောင်းမလေးသည် လက်ကိုင်ပ၀ါနွမ်းလေးဖြင့် တယုတယ ထုပ်ထားသော ငွေအကြွေစေ့လေးများကို ဆိုင်ရှင်အဖိုးကြီးငွေရေသည့် စားပွဲပေါ်သွန်ချပေးလိုက်သည်။
          ပစ္စည်းကို ရွှန်းရွှန်းစားကြည့်နေသော ကလေးမလေး၏ မျက်နှာ၊ မိမိအဖြေကို ငံ့လင့်နေသည့် ယုံကြည့်ချက်အပြည့် မျှော်လင့်ချက်အပြည့်နဲ့ ကောင်မလေး၏အမူရာကြောင့် ဆိုင်ရှင်အဖိုးကြီးက ဆတ်က နဲခေါင်းညိတ်လိုက်သည်။ ကောင်မလေးသည် ပျော်ရွှင်မြူးတူးစွာဖြင့် ဆိုင်ထဲကနေ ခုန်ပေါက်ပြေး ထွက်သွားသည်။
*****

Wednesday, March 14, 2012

စတုတ္ထမြောက် စာပေမှတ်တိုင်


စတုတ္ထမြောက် စာပေမှတ်တိုင်
စာရေးသူ၏ စတုတ္ထမြောက် စာပေမှတ်တိုင်အဖြစ် {၀န်နှင့်ဂုဏ်}စာအုပ်ကို စာမူခွင့်ပြုချက် အမှတ်-၆၀၀၀ ၄၅၀ ၁၁၂ ဖြင့် (Smile) ဖုန်း ၀၉ ၇၃၀၃ ၉၆ ၅၆ [ရန်ကုန်]မှ ဖြန့်ချိလိုက်ပြီဖြစ်သည်။
“နိဒါန်းကောက်နှုတ်ချက်”
စကားရွေ့လှန်၊ မှားမေ့ကျန်၍
မမှန်ယိမ်းကျော်၊ တိမ်းပါးသော်လည်း
သူတော်တကာ၊ သည်းခံပါဟု
သံသာပျောင်းပျ၊ တောင်းပန်ခ၏
မာနမောက်မို၊ ငါစာဆိုဟု
မလိုမလား၊ ပိုမလွှားတည့်။               ။(အဘိရူပကပျို့)
          နိုင်ငံရပ်ခြားတွင် စာပေသင်ယူ လေ့လာနေစဉ် စာပေရေးသားခြင်းဖြင့် ပစ္စည်းလေးပါး ထောက်ပံ့လှူဒါန်းကြသည့် မိဘ၊ ဆရာသမား၊ ရဟန်းဒါယကာ / ဒါယိကာမ၊ မိတ်ဆွေ သူငယ်ချင်း၊ ပြည်တွင်း-ပြည်ပမှ ဒါယကာ/ဒါယကာမ အပေါင်း တို့အား ကျေးဇူးဆပ်ပါ၏။ ပြုပြုသမျှ ကုသိုလ် အဖို့ဘာဂကို ရကြပါစေ သတည်း။ ၀မ်းမြောက်နုမော် သာဓုခေါ်နိုင်ကြစေသတည်း .... ။
မေတ္တာဖြင့်-
                အရှင်ဥတ္တမာနန္ဒ (ပေရာဒေနိယတက္ကသိုလ်)
        နာယကဆရာတော်၊ ရှစ်မျက်နှာ ပရိယတ္တိစာသင်တိုက်
                              သရက်မြို့။  

Friday, March 2, 2012

ငါ့ဘ၀ ငါ့ပန်းချီ


ငါ့ .. ဘ၀ ….. ငါ့ .. ပန်းချီ
ဟောင်းနွမ်းသွားတဲ့ နေ့ရက်တွေကို
ဆေးပြန်သုတ်ဖို့ ကြိုးစားရင်း
ေ၀၀ါးဝါးတိမ်ပန်းချီကိုခံစားနေမိ ….။
လမ်းသလားကာ
ဘ၀ကိုတရွတ်တိုက်စွဲခေါ်
လေနှင်ရာလွင့်ရတဲ့ ရွက်ဝါအပေါ်
မကျေမနပ်လည်း မဖြစ်မိ …..။
အလွမ်းတွေကို မဖန်တီးဘူးပေမယ့်
လွမ်းစရာမရှိတာကို
နက်နက်ရှိုင်းရှိုင်း လွမ်းနေမိ … ။
ဘ၀ဇာတ်စင်မှာ
လွမ်းတေးမစီ
ချစ်တေးမသီဘူး
အလှလည်းမပီဘူး
ပြုံးမဲ့
ချစ်နဲ့
သောကမှော်ရုံတောထဲ
ဘ၀စာမျက်နှာသစ်တွေကို
လှန်လှောနေမိ………..။
သူ (သရက်)
3 March 2012