အချိန်ရှိခိုက်၊ လုံ့လစိုက်၊ မမိုက်သင့်ပေ၊ ဒို့တစ်တွေ။

Thursday, July 21, 2011

မနက်ဖန်ပန်းပုကို ထုဆစ်ခြင်း


မနက်ဖန်ပန်းပုကို ထုဆစ်ခြင်း
ဦးနှောက်ကခင်းတဲ့
လမ်းတွေပေါ်လျှောက်ရင်း
နှလုံးသားရဲ့
ကာရန်မညီတဲ့
တောင်းဆိုမှုတွေကို လျစ်လျူရှု့ကာ
ငါလည်း ငါ့ဝန်ကိုထမ်း
ခပ်ကြမ်းကြမ်းပဲ
ဘ၀ကိုထွင်ခဲ့ပြီ….။
ဘ၀ဆိုတာ
ဆန္ဒနဲ့ထပ်တူမကျပေမဲ့
ဆန္ဒတွေနဲ့ပဲ
လူလားမြောက်ခဲ့
ဆန္ဒတွေကိုမွေးမြူရင်းနဲ့ပဲ
ဘ၀ကို ရှင်သန်နေတတ်ခဲ့ပြီ။
လိုချင်တာတွေ ကုန်ခမ်းလာတဲ့တစ်ရက်
ဖြစ်ချင်တာတွေ နွမ်းလျလာတဲ့တစ်နေ့
နာရီတွေကို သံပတ်မတင်းနိုင်တဲ့အချိန်
မီးနစ်ရထားကို ဘူတာဆိုက်ခိုင်း
စက္ကန့်ဆိုတဲ့ နောက်ဆုံးထွက်သက်မှာ
ဘ၀ဆိုတာ မရှိတော့ပြီပဲ….။
တကယ်တော့
ဆန္ဒတွေကို တော်လှန်ကာ
လျော်ကန်ရာ မြန်းတယ်ဆိုမှ
စစ်မှန်တဲ့ဘဝ
သင့်လျော်တဲ့ရသတွေနဲ့လေ။
အဲဒီမှာ
ဆန္ဒတွေကို ထွေးပွေ့
မျှော်လင့်ချက်တွေကိုမွေးမြူ
မနက်ဖန်ဆိုတဲ့ အိမ်မက်ကို
ယုယနေသ၍တော့
ဘ၀ဆိုတာ
မညီညာတဲ့ ပေတစ်ရာလမ်းပေါ် ဖြစ်ရင်လည်းဖြစ်
ကန္တာရထဲက အိုအေစစ်လည်း ဖြစ်ချင်ဖြစ်မယ်
ဘာပဲဖြစ်ဖြစ်
ရှင်သန်နေဆဲ
ဝေဆာနေဆဲ
အဓိပ္ပါယ်တွေပြည့်နေဆဲပဲလေ………..။
သူ (သရက်)
Thursday, July 21, 2011

2 comments:

Ideal Idea said...

Wow! Excellent!!! You are Brilliant, friend. Really, proud of you!

အရှင်ဥတ္တမာနန္ဒ (ပေရာဒေနိယတက္ကသိုလ်) said...

Thanks a lot!

Post a Comment