အချိန်ရှိခိုက်၊ လုံ့လစိုက်၊ မမိုက်သင့်ပေ၊ ဒို့တစ်တွေ။

Saturday, June 25, 2011

အားလုံးကိုကျေနပ်စေချင်သူ


အားလုံးကို ကျေနပ်စေချင်သူ
သို့
တစ်ပါးသူအတွက် အစာဖြစ်စေသော်လည်း ကိုယ့်အတွက်အဆိပ်ဖြစ်ခဲ့ရသူ
          သားအဖနှစ်ယောက်သည် အနီးနားရှိ မြို့ဈေးတွင်ရောင်းရန် မြည်းတစ်ကောင်ကိုဆွဲလာသည်။ သိပ်သိပ်ဝေးဝေးမရောက်ခင်မှာပင် တသောသောရယ်မောနေသည့် မိန်းမပျိုတစ်စုနှင့် တွေ့လိုက်ရသည်။
          မိန်းမပျိုတစ်ယောက်က လှန်းပြောလိုက်သည်။ “ဟိုမှာ ကြည့်လိုက်ပါဦး”၊ “ဒီလောက်နုံအတဲ့လူမျိုးများ မတွေ့ဖူးပေါင်၊ မြည်းကိုစီးလျှင်ရရဲ့သားနဲ့ မစီးပဲ ပင်ပင်ပမ်းပမ်းလမ်းလျှောက်လာတယ်။” ထိုစကားကို အဖိုးအိုကြားသောအခါ အလျှင်အမြန်ပင် သူ့သားကို မြည်းပေါ်ကိုတက်ခိုင်းလိုက်သည်။ ထိုနောက် ခရီးဆက်ခဲ့ကြပြန်သည်။
          သားအဖနှစ်ယောက်သည် မကြာမှီမှာပင် သစ်တစ်ပင်အောက်တွင်ထိုင်နေသာ ယောက်ျားတစ်စုရှေ့ကိုရောက်လာသည်။ ထိုအထဲမှတစ်ယောက်က “အဲဒါပဲ”၊ “ဒါ ငါ့စကားကိုထောက်ခံတာပဲ၊ ဒီနေ့ခေတ်ကြီးထဲမှာ ကြီးသူတွေကို အရိုအသေမပေးကြတော့ဘူး၊ မင်းတို့တွေ့တဲ့အတိုင်းပဲလေ၊ အသုံးမကျတဲ့သားက မြည်းပေါ်စီးလို့၊ အိုကြီးအိုမနဲ့ ဖအေကြီးခမျာ ဘေးကနေလျှောက်နေရတယ်”လို့ ပြောလိုက်သည်။ ၄င်းစကားမဆုံးခင်မှာပင် သားကမြင်းပေါ်ကဆင်းပြီး ဖခင်ကိုမြည်းပေါ်တင်လိုက်သည်။ မလှမ်းမကမ်းအရောက်တွင် အမျိုးသမီးကြီးများနှင့် ကလေးတစ်သိုက်ကို ဘွားကနဲတွေ့လိုက်ရပြန်သည်။ “အမလေးတော် ငပျင်းကြီးနှယ် ဖြစ်နေလိုက်တာ” “သားကိုလမ်းဘေးကလျှောက်ခိုင်းပြီး ကိုယ်ကတော့ မြည်းကိုစီးရက်ပါပေ့၊ ကလေးကိုနောက်ကနေ တင်လိုက်ပါလား”လို့ အမျိုးသမီးများက ၀ိုင်းအော်ကြပြန်သည်။ စိတ်ကောင်းရှိသော အဖိုးကြီးခမျာ ချက်ချင်းဆိုသလိုပင် သားငယ်ကိုမြည်းပေါ်တင်လိုက်သည်။ သို့နှင့် မြို့အစွန်နားကို ရောက်လာသည်။ တောသားနှစ်ယောက်၏ဖြစ်ပုံကို မြင်တွေ့လိုက်သော မြို့သားတစ်ယောက်က ဒီမြည်းကို ကိုယ်လူပိုင်တာလားဟု မေးလိုက်သည်။ အဖိုးအိုက ဟုတ်ကြောင်းပြောလိုက်သည်။
          “အင်းလေ၊ တခြားလူတွေကတော့ ဒီလိုတွေချင်မှ တွေးမှာပေါ့”။ “ကိုယ်လူတို့စီးလာတဲ့ လမ်းတစ်လျှောက်လုံး ဒီသနားစရာမြည်းကိုမစီးပဲ သူ့ကိုထမ်းလာသင့်တာ၊ ကိုယ့်လူတို့ရဲ့ မတန်တဆခန္ဓာကြီးတွေနဲ့ သတ္တ၀ါလေးကိုမသတ်ပါနဲ့လား။”လို့ မြို့သားတစ်ယောက်က လှန်းပြောလိုက်သည်။
          အမြင်မတော်ဘူးဆိုရင် ပြင်လိုက်ပါမယ်လို့ အဖိုးအိုကပြန်ပြောလိုက်သည်။ ထိုနောက် သားအဖနှစ်ယောက်သား မြည်းပေါ်ကနေဆင်းလိုက်ကြပြီးနောက် မြင်း၏ခြေထောက်နှင့် အလက်တွေကို စုချည်လိုက်သည်။ ထိုနောက် ၀မ်းလုံးဖြင့်လျိုထမ်းကာ မြို့ကိုဦးတည်ရာ တံတားပေါ်ကို ဖြတ်လျှောက်ခဲ့ကြသည်။ မြည်းကိုထမ်းလာသော သားအဖနှစ်ယောက်၏ ဖြစ်ပုံမှာ မြို့ကြီးသားတွေအဖို့ ဟားတိုက်စရာမြင်ကွင်းဖြစ်နေသည်၊ လူအုပ်ကြီးမှာ ၄င်းတို့နောက်ကနေ စုပြုံလိုက်ပြီး လှောင်ပြောင်ရယ်မောကြသည်။ ထိုကဲ့သို့ ဆူဆူညံညံအသံများကို မြည်းကမကြိုက်။ ကန်ကျောက်ရုန်းကန်သည်။ ချည်ထားတဲ့ကြိုးတွေ ပြတ်ကုန်ပြီး ၀ါးလုံးကနေလျောကာ မြစ်ထဲကိုထိုးကျသွားသည်။ ထိုအဖြစ်ပျက်ကြောင့် အဖိုးအိုမှာ အရှက်ကွဲပြီး စိတ်ပျက်ပျက်နှင့် အိမ်ပြန်ခဲ့ရတော့သည်။                 ။ (အားလုံး၏ အလိုဆန္ဒကို ဖြည့်ဆည်းပေးခြင်းဖြင့် မည်သူ၏ ကျေနပ်နှစ်သက်မှုကိုမရနိုင်)။
မှတ်ချက်။     ။ အကွိုင်းနစ်တက္ကသိုလ်၏ ပြဋ္ဌာန်းစာဖြစ်သော Preliminary Course, Selections (1)-မှ ထုတ်နှုတ်ကာ စီလျော်အောင်ပြန်ဆိုပါသည်။ ။
သူ (သရက်)
Sunday, June 26, 2011

0 comments:

Post a Comment