အချိန်ရှိခိုက်၊ လုံ့လစိုက်၊ မမိုက်သင့်ပေ၊ ဒို့တစ်တွေ။

Wednesday, May 25, 2011

ဆွဲကိုင်မိသည့် အတွေးစတစ်မျှင် (အပိုင်း-၂)


ဆွဲကိုင်မိသည့် အတွေးစ,တစ်မျှင်
 

   မြန်မာနိုင်ငံတွင် လူဦးရေ ၅၅-သန်းကျော်ရှိပြီး၊ သာသနာ့ဝန်ထမ်း ရှင်ရဟန်းတို့မှာ ငါးသိန်းနီးပါးမျှရှိသည်ဟု သိရပါသည်။ နိုင်ငံတစ်ဝှန်းတွင် ရဟန်းတော်များကို ဦးစားပေးသည့်နေရာမှာ အတော်ရှားပါးလာသည်။ ရုံးများကိုရောက်သွားလျှင်လည်း သူလိုငါလိုပင်ဆက်ဆံသည်။ ဆေးရုံများတွင်မူ ရဟန်း-သာမဏေများကို မာန်မဲလေ့ရှိသည်ကိုပင်တွေ့ရသည်။ လိုင်းကားများတွင်လည်း ရဟန်းတော်များအတွက် သီးသန့်နေရာများပင် သတ်မှတ်ပေးစေကာမူ ထိုင်နေသူများက ရဟန်းတော်များတက်လာလျှင် အိပ်ပျော်ချင်ယောင်ဆောင်နေတတ်သည်။ မမြင်ချင်ယောင်ဆောင်နေတတ်သည်။ လိုင်းကားသမားတို့ကလည်း ရဟန်းသာမဏေများကို လိုလိုလားတင်ဆောင်ခြင်းမရှိကြပေ။
ဆက်ဆံရေးပိုင်းတွင်လည်း ကြည့်ပါဦး။ ဘုန်းဘုန်း! သားတို့၊သမီးတို့ပြန်တော့မယ်ဖြစ်လာသည်။ အရွယ်ရောက်သူတို့ကလည်း ကျနော်၊ကျမဖြစ်လာသည်။ အရှင်ဘုရား၊တပည့်တော်ဆိုတာတွေ ပျောက်လာသည်။ ခြုံးပြောရလျှင် ဆရာ/ဒကာဆက်ဆံရေးမှာ သိသိသာသာယိုင်နဲ့လာသည်။  ငါက ဘုန်းကြီးတွေနဲ့ စကားမပြောတတ်ပါဘူး။ မင်းတို့ပဲပြောလိုက်ပါဆိုတာတွေ ဖြစ်လာသည်။ …….?

Monday, May 23, 2011

ဆွဲကိုင်မိသည့် အတွေးစ တစ်မျှင် (အပိုင်း-၁)


ဆွဲကိုင်မိသည့် အတွေးစ,တစ်မျှင်
အပိုင်း(၁)

          မြတ်စွာဘုရားရှင်သည် ဘုရားဖြစ်တော်မူပြီးနောက် ပထမဦးဆုံးအကြိမ်အဖြစ် ဖခင်သုဒ္ဓေါဓနမင်းကြီး၏နိုင်ငံရှိ ကပိလ၀တ္ထုနေပြည်တော်ကို ကြွရောက်တော်မူခဲ့ရာ ဆွေတော်မျိုးများအားလုံးနှင့် တိုင်းသူပြည်သားများက သောင်းသောင်းဖျဖျကြိုဆိုခဲ့ကြသည်။ ဘုရားရှင်နှင့် နောက်ပါသံဃာတော်များ သီးတင်းသုံးဖို့ရာ လိုအပ်ရာရာများ ပြင်ဆင်ပေးပြီးနောက် နှစ်များစွာကွဲကွာနေခဲ့ကြသည့်အလျှောက် သာကြောင်းမာကြောင်းစသော အလ္လာပသလ္လာပ စကားများကို ပြောဆိုနေခဲ့ကြသည်။
          တစ်နေ့တာကို အဆုံးသတ်မျဉ်းအဖြင့်သာရင်း နေမင်းကြီးကတော့ အနောက်ဂေါ်ယာကျွန်းဆီ ချဉ်းနင်ဝင်ရောက်ကာ ပျောက်ကွယ်သွားလေပြီ။ ဘုရားရှင်နှင့် နောက်ပါသံဃာတော်များ ခေတ္တသီတင်းသုံးနေထိုင်ရာအရပ်သည်လည်း ဆိတ်ငြိမ်ရာလေးအဖြစ် ပေါ်လွင်ခဲ့လေပြီ။ အားလုံးအသီးအသီး အသက,အသက ပြန်သွားကြသော်လည်း မည်သူတစ်ဦးတစ်ယောက်ကမျှ ဘုရားနှင့်သံဃာတော်များကို နောက်တစ်နေ့အတွက် နံက်ဆွမ်းကို ဖိတ်မန္တကပြုခြင်းမရှိပါလေ။

Tuesday, May 17, 2011

ညီမျှခြင်းဖြင့် လက်တွေ့ဘ၀တွင် ရှင်သန်ခြင်း


ညီမျှခြင်းဖြင့် လက်တွေ့ဘ၀တွင် ရှင်သန်ခြင်း

          သိပ္ပံပညာ၏ အစွမ်းများကြောင့် ကမ္ဘာကြီးကို ရွာကြီးတစ်ရွာဟု အများစုက လက်ခံလာကြချိန်ဖြစ်သည်။ သို့ရာတွင် မိမိနေထိုင်ရာ ပတ်ဝန်းကျင်မျှကိုသာ ကမ္ဘာဟုထင်နေသူများလည်း ရှိနေဆဲပင်ဖြစ်သည်။ မည်သို့ဆိုစေ လူအများစုကဖြင့် ကမ္ဘာဟာ ရွာတစ်ရွာမျှသာဟု နှလုံးပိုက်နေကြပြီဖြစ်သည်။ ထိုအတူ အစဉ်လာများ ယဉ်ကျေးမှုများကို ရိုက်ချိုးပစ်ချင်နေသူများလည်း ဒီရေအလားတိုးပွားလာနေသည်။
လူ့သဘာဝအလျှောက် မိမိအဖို့ကိုသာ ဦးစွာကြည့်တတ်သည့်အားလျော်စွာ မည်မျှတော်နေပါသည်ဆိုသော ထိုထိုသူများ၏ လုပ်ရပ်အထွေထွေများသည် အစွန်းရောက်မှုများဖြင့် ရောနှောပါလာသည်သာ။ အကောင်းနှင့်အဆိုးတရားများသည် ထိုထိုသူများ၏ ဖန်တီးမှုအောက်တွင် အချင်းချင်း ဆန့်ကျင်ကာဖြင့်ပင် တစ်ခုကိုခုတွန်းအားပြုကာ ရှင်သန်လာခဲ့ကြသည်။

Friday, May 13, 2011

မှန်အပြက်ဘက်ကလူ


မှန်အပြင်ဘက်ကလူ
တစ်နေ့…
ထိုနေ့သည် စာရေးသူကို ထူးဆန်းသောစကားတစ်ခွန်းကို သယ်ဆောင်လာပေးသော နေ့တစ်နေ့ဖြစ်ဖြစ်သည်ဟု ဆိုချင်ပါသည်။ စာရေးသူတို့အားလုံးသည် နေ့စဉ်ဆိုသလို ထူးဆန်းသောစကားများ၊ အတွေ့ကြုံများကို တွေ့ကြုံရလေ့ရှိပါသည်။ သတိမမူမိသောကြောင့်သာ အမှတ်တမဲ့နဲ့ မေ့ပျောက်ခဲ့မိကြခြင်းဖြစ်သည်။ ထိုနေ့ကိုတော့ ဘ၀တွင် မှတ်မှတ်ထင်ထင် ရှိနေခဲ့နေများမှ တစ်နေ့ဖြစ်သည်ဟုဆိုကလည်း ရအံ့ကောင်းထင်သည်။
          ကျောင်းသားမျှသာဖြစ်သော စာရေးသူတို့အဖို့မူ စာသင်ခန်းကို ၀င်ရောက်သည့်အခါတိုင်းလိုလိုပင် ဝေါဟာရသစ်များကို ကြုံတွေ့နေရပါသည်။ အမြဲတမ်းအသစ်ဆန်းတွေကို တွေ့နေရသည့်အတွက်ပင် မဆန်းတော့သလိုလည်းဖြစ်နေပါသည်။ ထိုကြောင့်ရိုးရှင်းလှ၍ မှန်ကန်သောစကားတစ်ခွန်းကို ကြားသိခဲ့ရသောထိုနေ့လေးကို အခွင့်ကြုံတိုင်းဆိုသလို သူငယ်ချင်းများကို ပြောဖြစ်မိသည်။ ပြောသည့်အခါတိုင်းမှာပင် သစ်ဆန်းသည့်အရာတစ်ခုကို အမြဲလိုလိုလည်း ခံစားမိပါသည်။

Monday, May 9, 2011

တစ်မိုးသောက်သော်


     တစ်မိုးသောက်သော်

ဥသြတစ်ကောင်နဲ့
နွေမဖြစ်ဘူးလို့
ပြောတဲ့သူလည်းရှိရဲ့….။
        ခွေးလေးခုန်လို့
        ဖုန်မထပါဘူးလို့
        ဆင်ခြေတွေကိုလည်း
        ကြားမိသေးတယ်လေ……။

Saturday, May 7, 2011

သာသနာ ၂၆၀၀ (အပိုင်း-၃)


 သာသနာ ၂၆၀၀
           ထိုသာသနာတော် ၂၆၀၀-ပြည့်အခမ်းနားများကို ဗုဒ္ဓဘာသာ (ထေရ၀ါဒ/မဟာယာန)နိုင်ငံများတွင် ကျင်းပသည်/မပသည်ကို အတိကျမသိရသော်လည်း သီရိလင်္ကာနိုင်ငံတွင်မူ ဖွင့်ပွဲအကြိုအခမ်းနားများကို နိုင်ငံနှင့်အ၀ှမ်း ကျင်းပခဲ့ပြီးလေပြီ။ အလားတူ ပညာရှင်များအသီးသီးတို့အား ဖိတ်မန္တကပြုကာ သီရိလင်္ကာ အပြည်ပြည်ဆိုင်ရာ ဗုဒ္ဓတက္ကသိုလ် (SIBA) တွင် ဆွေးနွေးပွဲကြီးကို အောင်မြင်စွာကျင်ပခဲ့ပြီးလေပြီ။ လာမည့် ကဆုန်လပြည့် (မေလ)တွင်လည်း သာသနာ ၂၆၀၀-ပြည့်အခမ်းကြီးကို စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရန် ပြင်ဆင်လျှက်ရှိကာ၊ ထိုအခမ်းနားကို ပါဝင်တက်ရောက်ရန် နိုင်ငံတကာသို့ ဖိတ်ခေါ်ထားကြောင်းလည်းသိရသည်။ မြန်မာနိုင်ငံမှ ရွှေတိဂုံဂေါကအဖွဲ့မှ တက်ရောက်ပြီး၊ ပြခန်းတစ်ခုလည်း ပြသလိမ့်မည်ဖြစ်ကြောင်းကိုပါ သိရလေသည်။

Friday, May 6, 2011

သာသနာ ၂၆၀၀ (အပိုင်း-၂)

သာသနာ ၂၆၀၀

              ထိုကြောင့် ၀ိနည်းပိဋကတ်တော်မှာ ကြည့်လိုက်လျှင် ဘုရားရှင်က စည်းကမ်းများပြားလှသော သာသနာတော်အတွင်းဝယ် ရဟန်းသာမဏေဘ၀ဖြင့် ချမ်းသာစွာနေစေလိုသည်ဖြစ်၍ လိုက်လျောချက်များစွာကို တွေ့နိုင်ပါသည်။ ထိုသို့လိုက်လျောခြင်း၏ အဓိကအချက်သည် သာသနာအရှည်တည်ဖို့ ရည်သန်သည်ဟု သဘောကျမိပါသည်။ ဥပမာအားဖြင့် ၀ိနည်းအနိယတအခန်းတွင် ပြဆိုထားချက်များကိုကြည့်ပါ။ ရဟန်းတော်တစ်ပါးသည် အပြစ်အကြီးဆုံးစည်းကမ်း (ပါရာဇိက)တစ်ခုကို လွန်ကျူးမိသည် ဆိုပါစို့။ မည်မျှပင် ထင်ရှားနေစေကာမူ ပြစ်မှုကိုကျူးလွန်သူကိုယ်တိုင်က ၀န်မခံလျှင်၊ သို့တည်းမဟုတ် ခိုင်လုံသော မျက်မြင်သက်သေမရှိလျှင် ၄င်းကိုဆုံးဖြတ်ခွင့်မရှိချေ။ ထိုခိုင်လုံသော မျက်မြင်သက်သေဆိုသည်မှာလည်း အနည်းဆုံးသောတာပန်ဖြစ်ရမည်ဟု ဆိုထားလေသည်။

Wednesday, May 4, 2011

သာသနာ ၂၆၀၀ (အပိုင်း-၁)


သာသနာ ၂၆၀၀

သာသနေ စိရ၀ါသေန၊ ဧ၀ံ နိဒ္ဒေါသကာ ဣတိ။
တုဝံ ပဋိစ္စ မညန္တု၊ သာသနေ သပ္ပယောဇနံ။ (စတုရာရက္ခဒီပနီ)
သာသနာတော်မြတ်ကြီးကို ကြာမြင့်စွာ မှီခိုနေကြသည့်အတွက်ကြောင့် ဤသူ(လူ၊ရှင်၊ရဟန်း)တို့သည် ငါတို့ထက် လောဘ၊ဒေါသ၊မောဟတရားတွေ နည်းကုန်ကြ၏ဟု သင်တို့ကိုအကြောင်းပြု၍ သာသနာတော်မြတ်ကြီးကို ကြည်ညိုသွားပါစေ။

သာသနေ စိရ ၀ါသာပိ၊ မာဒိသာဝ ဣမေ ဣတိ။
တမှာဂမ္မ နမညန္တု၊ သာသနေ နိပ္ပယောဇနံ။ (စတုရာရက္ခဒီပနီ)
သာသနာတော်မြတ်ကြီးတွင် ကြာမြင့်စွာ မှီတင်းနေထိုင်ကြသော်လည်း ဤသူ(လူ၊ရှင်၊ရဟန်း)တို့သည် ငါတို့ထက်ပင် လောဘ၊ဒေါသ၊မောဟတရားတွေများကုန်ကြ၏ဟု သင်တို့ကိုအကြောင်းပြု၍ သာသနာတော်မြတ်ကြီးအား အကြည်ညိုမဲ့သည်၏အဖြစ်သို့ မရောက်ပါစေလင့်။
*****

Sunday, May 1, 2011

A Survey of A Monk and Responsibility


A Survey of a Monk and Responsibility
Or
The question on aim and object of becoming a monk
          In ancient India religion of Brahmanism, a Brahman was called as Dvija, one who was born twice in this very life, i.e. he is first born his human parents and he secondly born from the mouth of a Brahma, a highest Celestial being who creates the world.
          In Theravada Buddhism a monk is might be called Tija, one who is born thrice in this very life. First he was born as a human being form his parents like others, second he became a novice and thirdly he became monk in the Ordination Hall, Sīmā, when he was at twenty.