အချိန်ရှိခိုက်၊ လုံ့လစိုက်၊ မမိုက်သင့်ပေ၊ ဒို့တစ်တွေ။

Tuesday, February 22, 2011

A Man With Responsibility

A Man with responsibility
          Man may come and go to the world in accordance with his option, yet he should have sense of responsibility among a human society. Otherwise, he will surely be the dust of the world that nobody wishes to touch. At the same time a man was born, he brought a many of duty and responsibility till his life comes to an end. Who made him to bear them? It is absolutely himself. There is no one who commends other to carry something as his burden. If so, do leave his responsibilities off. Of course, it is not accurately. The reason why is that he is a human being who ever claims that he is the most intelligence in every corner of the world. He accordingly brought himself all responsibilities, but he surely forgot to bring sense of duty.

Friday, February 18, 2011

A European Couple I Met


A European couple I met
            It was last month when I had won golden opportunity to join the Third Annual Intensive English Course held in Kandy where situated about hundred and ten kilometers away from Colombo a commercial city, we stay and study, of Sri Lanka, an Island in the midst of Indian Ocean. Kandy was the last Kingdom of Sri Lankan and it possesses beautiful scene of hill sides in which various trees grow and colourful wild animals dwell. It lies in the midst of the hills that cover with green ever.

Thursday, February 17, 2011

ကေလနိယသွားတောလား အပိုင်း (၉) နိဂုံး


ကေလနိယသွားတောလား
 

အပိုင်း (၉) နိဂုံး
တွဲလက်ကြည်ဖြူ ဖေးမကူ

          ကေလနိယတက္ကသိုလ်၌ ပညာသင်နှစ်တစ်ခုတွင် စာသင်ကာလအားဖြင့် အပိုင်းသုံးရှိရာ၊ ပထမပိုင်းတွင် သင်ကြားသည့်ဘာသာရပ်များလုံးကို အထူးပြုနှင့်သာမန် (Major & Minor)ဟု ခွဲခြားမနေရပဲ အားလုံးကိုတက်ရောက်ရပါသည်။ သို့မှသာ ရွေးချယ်ရမည့်ဘာသာများကို မိမိတို့စိတ်တိုင်းကျ ရွေးချယ်နိုင်မည်ဖြစ်သည်။ ထိုပထမပိုင်းစာသင်ကာလ၏ ကုန်ကာနီးနောက်ဆုံးအပတ်တွင် မိမိတို့စိတ်တိုင်းကျ ရွေးချယ်ထားသော ဘာသာရပ်များကို မိမိတို့ကျောင်းသားနံပါတ်နှင့်တကွ လျှေက်လွှာတွင်ဖြည့်စွက်ပြီး တက္ကသိုလ်သို့ပြန်လည်တင်သွင်းရပါသည်။

ကေလနိယသွားတောလား အပိုင်း (၈)


ကေလနိယသွားတောလား
 

အပိုင်း (၈)
တက္ကသိုလ်၏ တစ်နှစ်တာလုပ်ငန်းစဉ်
နှင့်
ကျောင်းသားတာဝန်များ

          သီရိလင်္ကာတွင် ပညာသင်ကြားကြကုန်သော မြန်မာရဟန်းတော်တို့သည် ပေရာဒေနိယတက္ကသိုလ်၊ ကေလနိယတက္ကသိုလ်၊ ဗုဒ္ဓဘာသာနှင့် ပါဠိစာပေလေ့လာရေး (BPU) တက္ကသိုလ်တို့တွင်သာ အများအားဖြင့်တက်ရောက်လေ့ရှိကြပါသည်။ ယင်းတို့အထဲတွင် ကေလနိယတက္ကသိုလ်သည် အစောပိုင်းပညာတော်သင်မြန်မာရဟန်းများ အစဉ်ဆက်အားဖြင့် တက်ရောက်ခဲ့ရောက်ကြပြီး၊ ယနေ့လက်ရှိတွင်လည်း မြန်မာရဟန်းတော်အများစု တက်ရောက်သင်ကြားရာ တက္ကသိုလ်ကြီးတစ်ခုဖြစ်ပါသည်။ ထို့ပြင် ဥရောပနှင့် အာရှကျောင်းသားများ တက်ရောက်သင်ကြားနေရာ ဗဟိုလ်ဌာနကြီးလည်းဖြစ်ပါသည်။
          ကေလနိယတက္ကသိုလ်သည် အစောပိုင်းကာလများဖြစ်သည့် ၁၈၇၅-ခုနှစ်နှောင်းပိုင်းကာလများတွင် ရဟန်းတော်များသီးသန့်သင်ကြားရာ ၀ိဇ္ဇာလင်္ကာရ (Vidyalankara Parivena) စာသင်တိုက်အဖြစ်သာ တည်ရှိခဲ့ပြီး၊ ၁၉၄၀-ပြည့်လွန်နှစ်များတွင် တက္ကသိုလ်အဖြစ် စတင်ရပ်တည်ခဲ့ပါသည်။ ဗုဒ္ဓစာပေလေ့လာရေးမှသည် အခြားဘာသန္တရစာပေများ၊ ခေတ်သစ်သိပ္ပံနှင့် နည်းပညာစာပေများကို တဖြေးဖြေးနှင့်တိုးချဲ့သင်ကြားလာခဲ့ရာ ယခုအခါတွင် ဘာသာရပ်ပေါင်းစုံနီးပါးမျှ သင်ကြားပို့ချပေးနိုင်သည့် တက္ကသိုလ်ကြီးတစ်ခုဖြစ်နေပေပြီ။

ကေလနိယသွားတောလား အပိုင်း (၇)


ကေလနိယသွားတောလား
 

အပိုင်း (၇)
ဒေသခံကျောင်းနေ မြန်မာရဟန်းတော်တို့ဘဝ

          ယခုနောက်ပိုင်းနှစ်များတွင် သီရိလင်္ကာနိုင်ငံ၌ ပညာတော်သင်မြန်မာရဟန်းတော်များ တစတစနှင့်များပြားလာရာ တစ်နှစ်လျှင် အသစ်ရောက်ရှိလာသူများမှာ ရာဂဏန်းကျော်နေသည်ဟု သိရပါသည်။ နှစ်စဉ်ပြည်တော်ပြန်ဦးရေမှာ ဆယ်ဂဏန်းမျှသာရှိ၍ မကုဋကျောင်းတော်သည် မြန်မာရဟန်းများအားလုံးတွက် လုံလောက်သောနေရာမပေးနိုင်ပါ။ မကုဋကျောင်းတိုက်အတွင်း အမြဲနေရဟန်းတော်များသည်ပင် ၆၀-ကျော်ရှိပါသည်။

Wednesday, February 16, 2011

ကေလနိယသွားတောလား အပိုင်း (၆)


ကေလနိယသွားတောလား
 

အပိုင်း (၆)
မိခင်ပမာ မကုဋာ

          မကုဋာရာမကျောင်းတော်ကြီးသည် မြန်မာနိုင်ငံမှ သီဟိုဠ်နိုင်ငံသို ပညာသင်ကြွရောက်လာသော ပညာသင်ရဟန်းတော်များသာမက ဘုရားဖူးခရီးသည်များအတွက်ပါ နားခိုရာဖြစ်သည်။ အထူးသဖြင့် ပညာသင်ရဟန်းတော်များသည် သီဟိုဠ်မြေကိုရောက်သည်နှင့်တစ်ပြိုင်နက် မကုဋကျောင်းသားအရင်ဖြစ်ရသည်။ ကိစ္စရပ်များအားလုံးလိုလိုကို မကုဋကျောင်းအမည်ဖြင့်သာလုပ်ကြရသည်။ တကယ့်မိခင်ပမာပင်။ နောက်တစ်နေ့နံက်မိုးလင်းမှာတော့ ချက်ချင်းဆိုသလို သက်ဆိုင်ရာနာယကဆရာတော်ထံ ရောက်ကြောင်းသတင်းပို့ရသည်။ ဤသို့ပို့ခြင်းအားဖြင့် မကုဋကျောင်းတော်တွင် အလှည့်ကျနေထိုင်ရရာ မိမိအလှည့်ရောက်လာလျှင် တချိန်တည်းရောက်သူချင်းပင်ဖြစ်စေကာမူ အရင်ဦးစွာ စာရင်းပေးထားသူက နေထိုင်စရာနေရာရသောကြောင့်ဖြစ်သည်။

ကေလနိယသွားတောလား အပိုင်း (၅)


ကေလနိယသွားတောလား
 

အပိုင်း (၅)
ဝေဟင်ခရီး လေယာဉ်စီးပြီ

          နံနက် ၁၀း၄၅-တွင် TG-0307-လေယာဉ်ဖြင့် ရန်ကုန်အပြည်ဆိုဆိုင်လေဆိပ်မှ ထိုင်းနိုင်ငံသို့စတင်ထွက်ခွာခဲ့သည်။ ဝေဟင်ခရီးစတင်လိုက်သည်နှင့် မိမိ၏အတွေးများမှာလည်း မကြာသေးမှီက ပဉ္စလက်ဆန်ဆန်ဖြစ်ပျက်ကြုံတွေ့ခဲ့ရသည်များကို ရုပ်ရှင်ပိတ်ကားကြည့်ရသလို တရေးရေးနှင့်ပေါ်လာသည်။ ဘာအလိုရှိပါသလဲဟုသော မေးခွန်းကိုမေးလာသည့် လေယာဉ်မယ်ကို ယောင်တောင်တောင်လှည့်ကြည့်ရင်း မိမိ၏အတွေးအိမ်ကို ရုတ်တရက်ရုပ်သိမ်းလိုက်ရသည်။ လျှာမတွေ့လှသော ထိုင်းရိုးရာနေ့လည်စာဖြင့် မနက်စာမစားခဲ့သော ဆန္ဒပြနေသည့်ဗိုက်ကို အတင်းနှစ်သိမ့်လိုက်ရသည်။ သူက သိပ်တော့ကျေနပ်ပုံမပေါ်။ တတ်နိုင်ဘူးလေ။ ခရီးသွားနေတာပဲ။

ကေလနိယသွားတောလား အပိုင်း (၄)


ကေလနိယသွားတောလား
 

အပိုင်း (၄)
ကောင်းယောင်ဆောင်သည့်ကံ

          လောကတွင် မျှော်လင့်သည်အရာများ ဖြစ်မလာတတ်သလို မမျှော်လင့်ထားသည့်အရာများမှာမူ ဖြစ်လာတတ်လေ့ရှိပါသည်။ မမျှော်လင့်သော အခြေအနေများကြောင့် မိမိငယ်စဉ်က စာပေသင်ကြားခဲ့၊ မိမိကိုယ်တိုင်လည်း စာသင်စာချပေးခဲ့ဖူးသော နယ်မြို့နေ ဥပဇ္ဈာယ်ဆရာ၏ စာသင်တိုက်ကို သူငယ်ချင်းများနှင့် လက်ခံဖို့ရာကြုံလာသည်။ အရှုပ်အရှင်းအချို့ကိုလည်း ရှင်းလင်းဖို့ရာအတွက် အခြေအနေဖြစ်လာသည်။ သို့နှင့် နိုင်ငံခြားသွားရန် တစ်ပတ်ခန့်အလိုတွင် အဆိုပါကိစ္စအသီးသီးကို ရှင်းလင်းဖို့ရာအတွက် ရန်ကုန်ကနေ နယ်သို့ဆင်းခဲ့ရပြန်သည်။ နိုင်ငံခြားငွေလဲလှယ်ဖို့နှင့်၊ လေယာဉ်လက်မှတ်ရရှိရေးအတွက် ညီငယ်တစ်ယောက်နှင့်လွှဲထားခဲ့ရသည်။

ကေလနိယသွားတောလား အပိုင်း (၃)


ကေလနိယသွားတောလား
 

အပိုင်း (၃)
ကေလနိယတံခါးခေါက်သံလား?

          ဘွဲ့ယူစာတမ်းရေးသားပြီးချိန်မှာပင် သီရိလင်္ကာနိုင်ငံရှိသူငယ်ချင်းထံမှ ပညာသင်လာရောက်ရန် စပွန်စာ(Sponsor) ကိုလက်ခံရရှိခဲ့ပါသည်။ (မှတ်ချက်။ ။ စပွန်စာဆိုသည်မှာလည်း နိုင်ငံခြားသို့ပညာသင်လာရောက်ရာတွင် လွယ်ကူရုံသက်သက်မျှသာ သူငယ်အချင်းများအချင်းချင်းနှင့် ရင်းနှီးသူများကို အကူညီပေးသည့်သဘောမျှသာ။ ကိုယ့်စရိတ်ကိုယ်ခံရသူချည်းဖြစ်သည်။ မိမိမှာမူ စပွန်စာပေးသူ သူငယ်ချင်းထံမှ အတိုင်းတာတစ်ခုထိ အကူညီရသောကြောင့် ငွေကြေးအတော်အတန်သက်သာခဲ့ပါသည်။) ပညာသင်စရိတ်ကြောင့် သွားနိုင်/မသွားနိုင်ကို ယတိပြတ်ဆုံးဖြတ်၍မရနိုင်ခဲ့။ ထီပေါက်သော်လည်း ထီလက်မှတ်ပျောက်ဆိုသလိုဖြစ်နေသည်။ နိုင်ငံကူလက်မှတ် (Passport)ကတော့ မနှစ်ကတည်းက လိုရမယ်ရလုပ်ထားလိုက်သောကြောင့် အဆင်သင့်ရှိနေခဲ့သည်။

Tuesday, February 15, 2011

ကေလနိယသွားတောလား အပိုင်း (၂)


ကေလနိယသွားတောလား
 

အပိုင်း (၂)
ဘွဲ့ယူစာတမ်း ဘယ်သောင်ကမ်း
          လိုအပ်ရာရာအထောက်ထားများနှင့် မှတ်တမ်းများရရှိခဲ့ပြီးနောက် ညနေစောင်းတွင် မင်းလှမြို့ပေါ်ရှိစာရေးဆရာအချို့နှင့် တွေ့ဆုံဆွေးနွေးရန် မြို့တွင်းသို့ထွက်ခဲ့ပြန်သည်။ ဓမ္မိကကျောင်းမှ စာချဆရာတော်တစ်ပါးညွှန်ပြလိုက်သော စာရေးဆရာတစ်ဦးအိမ်ကို အရင်ဆုံးရောက်သွားကြသည်။ အတော်နွမ်းပါးလှသော အဖိုးအရွယ်စာရေးဆရာကြီးနှင့် ဇနီးတို့ကို အခန့်သင့်ပင်တွေ့ကြရသည်။ စီးပွားရှိစဉ်အခါတုန်းက သားသမီးမြေးတွေ ၀န်းရံခြင်းကိုခံခဲ့ရသော်လည်း ယခုအခါတွင်မူ လင်မယားနှစ်ယောက်တည်း ဘ၀ကိုဆင်းရဲပင်ပမ်းစွာ ရုန်းကန်နေရပုံကိုမြင်သိရတော့ အတော်လေးစိတ်မကောင်းဖြစ်မိသည်။ သံဝေဂဖြစ်ဖွယ်လည်းကောင်းနေပြန်သည်။ အော်…..ဘ၀ဆိုတာ သစ်ငုတ်မြင့်တုံ၊ မြက်မြင့်တုံဆိုတာ အမှန်ပင်။ မှန်ကင်းလဲတော့ ထင်းဖြစ်ရရိုးပင်မဟုတ်ပါလား။

Saturday, February 12, 2011

ကေလနိယသွားတောလား အပိုင်း (၁)


ကေလနိယသွားတောလား

အပိုင်း (၁)
"လုပ်သင့်တာအရင်လုပ်"
ငိုတာလည်းခဏတာ
ပြုံးတာလည်းမတည်မြဲ
အမုန်းလည်းမကျန်ရစ်
အချစ်လည်းမရှည်ကြာ
ထာဝရဆိုတာ ရှာမတွေ့နိုင်တဲ့
လောကရဲ့အလယ်မှာ
ခွဲခွာကြရတာမဆန်းပါဘူးလေ…….။  ။
hhhhh
          ဘ၀မှတ်တိုင်တစ်ခုအဖြစ် ဖြတ်သန်းခဲ့ရသော ၂၀၁၀-ခုနှစ်ကို အမှတ်မထင် သမင်လည်ပြန်လှည့်ကြည့်မိလိုက်တော့ မိမိအသက် ၁၂-၁၃-နှစ်လောက်က ရခဲ့ဖူးသော ကဗျာလေးတစ်ပုဒ်ကို တိုက်တိုက်ဆိုင်ဆိုင်ပင် သတိရမိသေးသည်။ ကဗျာတွေကို မြတ်နိုးခုံမင်သူတစ်ယောက်အနေနဲ့ လေ့လာမှတ်သားခဲ့သော်လည်း မည်သူရေးခဲ့မှန်းတော့မသိပါ။ စာရေးသူ၏လက်ထဲကိုရောက်လာကတည်းက ပိုင်ရှင်နာမည်မဲ့နေသော ကဗျာလေးတစ်ပုဒ်ဖြစ်သည်။ မည်သို့ဆိုစေ လေးနက်သောအဓိပ္ပါယ်များနှင့် ပြည့်နှက်နေတဲ့ကဗျာလေးအဖြစ် ခံစားခဲ့ရ၊ ခံစားမိဆဲလည်းဖြစ်သည်။ အမည်မသိစာဆိုတစ်ဦးဟု ကင်ပွန်းတပ်လိုက်ချင်ပါသည်။ စာဖတ်သူများအနေဖြင့် သိခဲ့ပြီးဖြစ်ပါလျင် ဗဟုသုတပြန်လည်မျှဝေပါရန် မေတ္တာရက်ခံလိုက်ပါသည်။
hhhhh

Thursday, February 10, 2011

အမ်အေစာမေးပွဲလမ်းညွှန်



POST GRADUATE INSTITUTE OF PĀLI AND BUDDHIST STUDIES
University of kelaniya
Colombo, sri lanka

Exam guide for m.a

By Ven. Uttamānanda
(upper min hla, Myanmar)



M.e-1372              b.e-2554           c.e-2010

အထက်ပါစာမေးပွဲလမ်းညွှန်စာအုပ်ကို ဖုံး-၀၇၅၅၂၅၉၃၈၅၊ 

၀၇၅၅၉၆၇၁၇၄  တို့တွင် ဆက်သွယ်မှာကြားနိုင်ပါသည်။

Friday, February 4, 2011

သူ


သူ

          သူနှင့်ဆုံတိုင်း သူငယ်ချင်းတွေက တခုတ်တရပြောကြသည်။ “ကိုယ့်လူကတော့ အလုပ်တွေအတော်ကိုလုပ်ဖြစ်တာပဲ”တဲ့။ လူဆိုတာ ကိုယ့်အတိုင်းတာကို ကိုယ်သာသိရတာ မဟုတ်လား။ ဒါကြောင့်လည်း “ကိုယ့်ဝမ်းနာ၊ကိုယ်သာသိ” ဆိုတဲ့စကား ပေါ်လာတယ်ထင်ပါရဲ့လေ။ သူသည် ကိုယ့်အကြောင်းကိုသိသူဟုဆိုလျှင် မှားအံ့မထင်။
          နောက်ကိုခေါင်းပြန်ငဲ့လိုက်လျှင် သူသည် သိပ်မဝေးသေးတဲ့အချိန်က ကျောင်းနေဖက်သူငယ်ချင်းတွေအတွက် အကျိုးရှိစေခဲ့တဲ့ မဆိုသလောက် အလုပ်လေးကို ကံအားလျော်စွာ လုပ်ခဲ့မိသည်။ အဲဒီအတွက် သူငယ်ချင်းတွေက သူ့ကိုကျေးဇူးတင်မဆုံးကြ။ သူငယ်ချင်းတွေ အဆင်ပြေတယ်ကြားတော့လည်း သူဝမ်းသာရသည်။ ဒါကိုပင် သူငယ်ချင်းတွေက ကိုယ့်လူကတော့ ထိထိရောက်ရောက်လုပ်ဖြစ်တယ်လို့ တွေ့တိုင်းလိုလို ပြောကြသည်။